မြောက်ကိုရီယားက အမျိုးအမည်မသိ ဒုံးပျံတစင်းက ဂျပန်ပင်လယ်ထဲသို့ ယနေ့ ထပ်မံပစ်လွှတ်စမ်း သပ်လိုက်ကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။
ယနေ့နံနက် ၅နာရီ ၂၇မိနစ်ခန့်က Pyongon ပြည်နယ်မှနေ၍ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး၊ ကီလိုမီတာ ၇၀၀ခန့် အကွာအဝေးအထိ ရောက်ရှိခဲ့ကာ ဂျပန်ရေပိုင်နက် အထူးစီးပွားရေးဇုန်အပြင်ဘက်မှာ ကျရောက်သွားတယ်လို့ တောင်ကိုရီး ပူးတွဲစစ်ဦးစီးချုပ်ကဆိုပါတယ်။
အမေရိကန်ကတော့ မြောက်ကိုရီးယား ပစ်လွှတ်တဲ့ဒုံးပျံဟာ တိိုက်ချင်းပစ်ဒုံးပျံ မဖြစ်နိုင်ကြောင်းဆို ပါတယ်။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဟိဒီ ဆူဂါကကလည်း မြောက်ကိုရီးယား လုပ်ရပ်ဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်ပြီး၊ ဒီလုပ်ရပ်ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ရှုံချကြောင်းဆို ပါတယ်။
ဒါဟာ တောင်ကိုရီးယား သမ္မတသစ် ရွေးကောက်ခံရပြီးမှာ ပထမဆုံး ပစ်လွှတ်လိုက်တာဖြစ်သလို၊ မကြာသေးမီကလည်း မြောက်ကိုရီးယားရဲ့ နျူကလီယား စမ်းသပ်မှုနဲ့ ဒုံးပျံပစ်လွှတ်မှုတွေ ကြောင့် အမေရိကန်က ရေတပ်စေလွှတ်ကာ အင်အားပြခဲ့တဲ့အတွက် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။