သတင်းတို

တာလတ်ပစ် ဒုံးပျံစမ်းသပ်မှု အောင်မြင်ဟု မြောက်ကိုရီယား ပြော

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီယားက မနေ့က ပစ်လွှတ်စမ်းသပ်လိုက်သည့် မြေပြင်မှ မြေပြင်ပစ် Hwasong 12 အမျိုး အစား ဒုံးပျံသည် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သည့် တာလတ်ပစ် ဒုံးပျံဖြစ်ကြောင်း၊ အောင်မြင်စွာ ပစ်လွှတ်နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကြီးကြပ်မှုနဲ့ ပစ်လွှတ်ခြင်းဖြစ်ပြီး၊ ပစ်လွှတ်စမ်းသပ်ရတဲ့ ရည်ရွယ်ချက်က တော့ကြီးမားတဲ့ နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်နိုင်တဲ့ စွမ်းရည်နှင့် နည်းပညာသစ်များကို စမ်းသပ်တာဖြစ်ကြောင်း လည်းဆိုပါတယ်။

အမေရိကန် ပြည်မကြီးနဲ့ ပစ္စဖိတ် ဒေသဟာ မြောက်ကိုရီးယား ဒုံးပျံတွေနဲ့ လက်တကမ်းမှာရှိတဲ့ အတွက် ရန်စကျူးကျော်မှုတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

အခုစမ်းသပ်တဲ့ ဒုံးပျံဟာ တနာရီခွဲခန့် ထူးခြားတဲ့ အမြင်မှာ ပျံသန်းပြီးနောက်မှာ ဂျပန်ပင်လယ်ထဲသို့ ကျဆင်းသွားခြင်းဖြစ်ပါတယ်။

ဂျပန်ကတော့ မြောက်ကိုရီးယား ဒုံးပျံအသစ် ပျံသန်းတဲ့လမ်းကြောင်း ယခင်ဒုံးပျံများနဲ့ မတူတာကို ပြသနေတယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလယ်အလတ်ဝါဒီ လစ်ဘရယ်ပါတီခေါင်းဆောင် မွန်ဂျေးအင် သမ္မတ အဖြစ် ရွေးကောက်ခံရပြီး ၅ရက်အကြာမှာ အခုလို မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်လိုက်ခြင်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုနဲ့ ဒုံးပျံပစ်လွှတ်မှုတွေကြောင့် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်ခဲ့ပေမယ့် ဆက်လက်စမ်းသပ်နေတာကြောင့် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီး ယား တို့နဲ့ စစ်ရေးတင်းမာမှုတွေ မကြာသေးမီက ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီအတွက် အမေရိကန်လေယာဉ်တင်သင်္ဘော ကားလ်ဘင်ဆင်နဲ့ ရေတပ်အုပ်စုကို ပင်လယ်ဝါဒေသ သို့စေလွှတ်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုအတောအတွင်း အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အခြေအနေတခုမှာ တွေ့ဆုံစကားပြောနိုင်ကြောင်း ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading