စင်ကာပူက ဂျာမနီလုပ် Type – 218SG ရေငုပ်သင်္ဘော ၂စီး ထက်မနဲ ဝယ်ယူမယ်လို့ ကာကွယ်ရေး ဝန်ကြီး Ng Eng Hen ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Channel NewsAsia ကဆိုပါတယ်။
အဆိုပါ ဂျာမနီလုပ် ရေငုပ်သင်္ဘောများဖြင့် လာမည့် ၂၀၂၄ ခုနှစ်မှာ စင်ကာပူရေတပ်အတွက် အင် အားဖြည့်တင်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကဆိုပါတယ်။
လက်ရှိမှာတော့ စင်ကာပူအနေနဲ့ ရေငုပ်သင်္ဘော ၂စီးကို မှာယူထားပြီးဖြစ်ပြီး ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်မှာတော့ အိုဟောင်းနေတဲ့ ရေငုပ်သင်္ဘောတွေ နေရာမှာ အစားထိုးမယ်လို့ ဆိုပါတယ်။
စင်ကာပူရေတပ်ဟာ အရှေ့တောင်အာရှဒေသမှာ စွမ်းဆောင်ရည်မြင့်မားတယ်လို့ The Diplomat မဂ္ဂဇင်းကဆိုလိုက်ပြီး၊ လက်ရှိမှာတော့ ရေငုပ်သင်္ဘော ၆စီးပိုင်ဆိုင်ထားပါတယ်။
လက်ရှိမှာတော့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက ဂျာမန်လုပ် ရေငုပ်သင်္ဘော ၂စီး၊ မလေးရှားမှာ ပြင်သစ်လုပ် ရေငုပ်သင်္ဘော ၂စီး၊ ဗီယက်နမ်မှာ ရုရှားလုပ် ရေငုပ်သင်္ဘော ၆စီး၊ ထိုင်း နိုင်ငံကလည်း တရုတ်လုပ် ရေငုပ်သင်္ဘော ၃စီး ဝယ်ယူဖို့ စီစဉ်နေပါတယ်။
ထို့အတွက် လာမည် ၂၀၃၀ ခုနှစ်မှာ အာရှ- ပစ္စဖိတ်ဒေသမှာ ရေငုပ်သင်္ဘော အစင်းရေ ၂၅၀ခန့် ဖြစ်လာနိုင်တဲ့ အတွက် မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်တဲ့ အရေးနဲ့ ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံများအနေ နဲ့ ရေငုပ်သင်္ဘောများနဲ့ ပတ်သက်တဲ့ ပဋိဉာဉ်များပြဌာန်းပေးဖို့ စင်ကာပူ ရေတပ်အကြီးအကဲက တောင်း ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စင်ကာပူရေတပ် နှစ် ၅၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၁နိုင်ငံမှ စစ်ရေယာဉ်များ ပါဝင်ပြသခဲ့ပါတယ်။