သတင်းတို

မြန်အောင်တွင် သစ်တင်ယာဉ်တိမ်းမှောက် ၂ ဦးသေ ၅ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်သစ်တောကြိုးဝိုင်းအတွင်း ယနေ့နံနက်ပိုင်းက တရားမဝင်သစ်များ တင်ဆောင်လာသည့် သစ်တင်ယာဉ်တိမ်းမှောက်ပြီး လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဝါးမျှင်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြဦးက“သစ်လုံးတွေ ပိနေတဲ့၂ ယောက်က နေရာတင်ပွဲချင်းပြီးပဲ။ သစ်ပိုင်ရှင်အပါအဝင် ကျန်တဲ့ ၅ ယောက်က ဆေးရုံမှာပါ။ ကျိုးတာပဲ့တာလောက်ပါပဲ၊ မစိုးရိမ်ရဘူး” ဟု ပြောသည်။

သစ်တင်ကားသည် မျှင်ဝါးတောင်ကျေးရွာအုပ်စုအပိုင် ဆင်ကျုံးရွာအနီးရှိ တောင်တက်လမ်းကို မတက်နိုင်ဘဲ နောက်ပြန်လိမ့်ဆင်းကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးမြဦးက ဆက်ပြောသည်။ ဒဏ်ရာရရှိသူ ၅ ဦးကို အင်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆိုသည်။

ယာဉ်ပေါ်တင်ဆောင်လာသည့် သစ်များမှာ အခြားသစ်မာ ၂ တန်ခွဲ ရှိပြီး၊ သစ်ကားယာဉ်မောင်း အောင်မင်းနိုင်ဆိုသူမှာ ယာဉ်မှောက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် ၎င်းကိုအင်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါရဲစခန်းမှ ရဲအုပ်ဇော်ထွန်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading