သတင်းတို

ဥပဒေနှင့်မညီသည့် ဇိမ်ခံကား အစီး ၆၀ ထိုင်း DSI သိမ်းဆည်း

Want create site? Find Free WordPress Themes and plugins.

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)က လမ်ဘော်ဂီနီကား အများစုအပါအဝင် ဇိမ်ခံကား အစီး ၆၀ ကို တင် သွင်းခွန်နှင့် အခြားအခွန်များ တိမ်းရှောင်မှုဖြင့် ယနေ့ ဘန်ကောက်မြို့ရှိ အရောင်းပြခန်း များမှ သိမ်းဆည်း လိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။

ယင်းကားများတွင် လမ်ဘော်ဂီနီ အစီး ၄၀ ပါဝင်ပြီး၊ ကျန်ကားများမှာ ဖာရာရီနှင့် Lotus ကားများဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဇိမ်ခံကားများကို ဆွမ်လောင်ခရိုင်ရှိ Niche Cars Group နှင့် ၎င်း၏ ဆိုင်ယမ်းပါရာဂွန် ကုန်တိုက်မှ အရောင်းပြခန်း၊ STT Autocar အပါအဝင် နေရာ၉နေရာမှ ရှာဖွေသိမ်းဆည်း ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုင်း DSI အဖွဲ့ဟာ ကားတင်သွင်းသူများ၏ စာရင်းကိုင်များနှင့် Niche Cars Group ၏ ဒါရိုက်တာတို့၏ နေအိမ်များကိုလည်း ရှာဖွေခဲ့ပါတယ်။

ထိုသို့ရှာဖွေရာတွင် ကားများအတွက် ပြေစာများကို အတုပြုလုပ်ပြီး၊ သွင်းကုန်နှင့် အခြားစရိတ်များ သက်သာ စေရန် မဖြစ်နိုင်လောက်အောင် နည်းပါးသည့် ဈေးနှုန်းများကို ဖော်ပြထားကြောင်း DSI ဒုတိယညွှန်ကြားရေးမှူး ချုပ် ကရာဝက် ပန်ပရာဖာကွန်က ဆိုပါတယ်။

ထိုကားများကို သက်ဆိုင်ရာနေရာများတွင်သာ ဆက်လက်ထားရှိရန်၊ မရွေ့ပြောင်း၊ မရောင်းချရန် အမိန့်ထုတ် ထားပါတယ်။

သို့သော် ကားတချို့မှာ ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ အရာရှိများနှင့် ဝန်ထမ်း ၁၁၀ခန့် ဤအမှုတွင် ပါဝင်ပတ် သက်နေကြောင်း တရားရေးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒူဆာဒီ အာရာယာဝတ် ကပြောပါတယ်။

ယခု စီးနင်းရှာဖွေမှုမှာ ၂၀၁၃ ခုနှစ်က ဖြစ်ခဲ့သည့် ဇိမ်ခံကားများ သယ်လာသည့် ကားသယ်ယာဉ် မီးလောင်ရာ မှ ဖြစ်ပေါ်ခဲ့သည့် အမှု၏ နောက်ဆက်တွဲရှာဖွေမှုဖြစ်သည်။ ထိုစဉ် ယင်းကားများမှ မှတ်ပုံတင်ရန် လွယ်ကူ သည့် မြို့နယ်များသို့ သယ်ဆောင်နေခြင်းဖြစ်သည်ဟု အာဏာပိုင်များက ကောက်ချက်ချခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading