သတင်းတို

အမေရိကန်နှင့် တရုတ်တိုက်လေယာဉ်တို့ အရှေ့တရုတ်ပင်လယ်၌ ထိပ်တိုက်တွေ့

ကိုရီးယားကျွန်းဆွယ်အနီးက နိုင်ငံတကာလေပိုင်နက်မှာ ရေဒီယိုဓာတ်သတ္တုကြွမှု ရှိမရှိစစ်ဆေးနေတဲ့ အမေရိ ကန်ထောက်လှမ်းရေး လေယာဉ်ကို တရုတ်တိုက်လေယာဉ် ၂စီးက အနီးကပ်ပျံသန်းကာ နှောက်ယှက်မှုပြုလုပ် ကြောင်း CNN သတင်းကဆိုပါတယ်။

အမေရိကန်လေတပ်မှ WC-135 Constant Phoenix လေယာဉ်ဟာ အရှေ့တရုတ်ပင်လယ်ရှိ နိုင်ငံတ ကာလေပိုင်နက်မှာ ပျံသန်းနေစဉ် ဆူခွိုင်း အမျိုး အစား Su -30 တရုတ်တိုက်လေယာဉ် ၂စင်းက ပေ ၁၅၀ခန့်အထိ ချဉ်းကပ်ပျံသန်းကာ နှောက်ယှက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာ လေပိုင်နက်မှာ ပျံသန်းပြီး၊ ရေဒီယို ဓာတ်ကြွမှု ရှိမရှိ စမ်းသပ်နေတဲ့ လေယာဉ်ကို နှောက်ယှက်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီသလို နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ အမေရိကန်များဘက်မှ ပြောဆိုပါတယ်။

နျူကလီးယားအနံခံတဲ့ လေယာဉ်အဖြစ် လူသိများတဲ့ အဆိုပါ အင်ဂျင်လေးလုံးတပ် WC- 135 လေယာဉ်ဟာ အမေရိကန်ပြည်ထောင်စု နီဘရာစကာပြည်နယ်က Offutt လေတပ်စခန်းမှာ အခြေစိုက်ပါတယ်။

ယခင်ကလည်း မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်ပြီး အဆိုပါအမျိုးအစား လေယာဉ်တွေကို စေလွှတ်ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယခုနှစ်ဖေဖေါ်ဝါရီလအတွင်းကလည်း တောင်တရုတ်ပင်လယ်မှာ ပျံသန်းနေတဲ့ အမေရိကန်ရေတပ် က P – 3 အိုရီယွန်အမျိုးအစား လေယာဉ်တစင်းအနီး တရုတ် KJ -200 လေယာဉ်တစီးဟာ ပေ ၁၀၀၀အတွင်း ချဉ်းကပ်နှောက်ယှက်ခဲ့ပါသေးတယ်။

Loading