အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံး ပြည်ပခရီးအစဉ် အဖြစ် ဆော်ဒီအာရေဗီးယားသို့ သွားရောက်ရာမှာ လတ်တလော အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၀ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် လက်မှတ်ရေးထိုးခဲ့ပြီး၊ ၁၀နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၅၀ တန်ဖိုးရှိ လက်နက်များကို ရောင်းချရန် သဘောတူညီခဲ့ကြောင်းသိရပါတယ်။
သဘောတူညီချက်များထဲမှာ ဆော်ဒီအာရေဗီယားနဲ့ အမေရိကန်အကြား နယ်စပ်နဲ့ ကမ်းရိုးတန်း လုံခြုံရေး၊ ဆိုက်ဘာလုံခြုံ ရေး၊ ခေတ်မီလေတပ်ဖြစ်ပေါ်ရေး၊ ဒုံးပျံကာကွယ်ရေး စတာတွေလည်း ပါဝင်ပါတယ်။
ယခုလို နှစ်ရှည်လက်နက် များ အစုလိုက် အပြုံလိုက် ရောင်းချရခြင်းဟာ ဆော်ဒီအာရေဗီးယားနဲ့ ပင်လယ်ကွေ့ဒေသလုံခြုံရေး နဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့ သြဇာလွှမ်းမိုးမှုကို ကာကွယ်ဖို့အပြင်၊ ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရေးနဲ့ ဒေသတွင်းအမေရိကန်တို့ရဲ့ တာဝန်ယူနေရမှုကို လျော့ချဖို့ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တဲလားဆွန်းလည်း လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
ယခုကဲ့သို့ လက်နက်များ ရောင်းချမှုကြောင့် အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်တွေအပေါ် ထားရှိ တဲ့ကတိကဝတ် များ ဖြည့်ဆည်းပေးခြင်း ဖြစ်သလို့၊ အမေရိကန်ကုမ္ပဏီများအတွက်လည်း အခွင့် အရေးကောင်းတခုဖြစ်ပါတယ်။