သတင်းတို

မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှု ပြုလုပ်ပြန်

မြောက်ကိုရီးယား အမျိုးအမည်မသိ ဒုံးပျံတစင်း ယနေ့နေ့လည်ပိုင်းက ပစ်လွှတ်စမ်းသပ်လိုက်ပြန် ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောဆိုပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်၏ အဆိုအရ ယင်းဒုံးပျံကို Pukchan အနီးမှ ယနေ့နေ့လည်ပိုင်းက ပစ်လွှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုကို အမေရိကန်နဲ့ ဂျပန်ကလည်း ဟုတ်မှန်ကြောာင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်ကာ ပစ်လွှတ်နိုင်တဲ့ မြေပြင်မှ မြေပြင်ပစ် Hwasong 12 တာလတ်ပစ်ဒုံးပျံ ကိုပစ်လွှတ်စမ်းသပ်ခဲ့ပါသေး တယ်။

Loading