သတင်းတို

ဘန်ကောက်မြို့ဆေးရုံတရုံ၌ ဗုံးပေါက်ကွဲ၊ လူ ၂၀ခန့်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Phramongkutlao စစ်ဆေးရုံမှာ ယနေ့ မနက် ၁၁နာရီက ဗုံးပေါက်ကွဲ တဲ့အတွက် လူ ၂၀ခန့် ဒဏ်ရာ ရသွားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦး၏ ပြောကြားချက်ကို ကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။

ပေါက်ကွဲမှုဟာ Phramongkutlao ဆေးးရုံ အငြိမ်းစား ဝန်ထမ်းများအတွက် ထားရှိတဲ့ ဧည့်ခန်းမှာ ဖြစ်ပွားခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး Srivara ကလည်း ဗုံးပေါက်ကွဲတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြား ပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ထိုင်းစစ်တပ် အာဏာသိမ်းခြင်း ၃နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ယခုအခါမှာတော့ အခင်းဖြစ်ပွားရာနေရာကို ထိုင်းစစ်တပ်က ပိတ်ဆို့ထားလိုက်ကြောင်းသိရပါတယ်။

ယခုလ ၉ရက်နေ့ကလည်း ထိုင်းတောင်ပိုင်း ပတ္တာနီခရိုင်က Big C ကုန်တိုက်မှာ ဗုံးကွဲမှု ဖြစ်ပွားရာ လူပေါင်း ၆၁ဦး ဒဏ်ရာရခဲ့ပါတယ်

Loading