သတင်းတို

မြန်မာကျောင်းကားလုပ်ရန် ကိုရီးယားဘတ်စ်ကား အစင်း ၂၀၀ တင်ပို့မည်

တောင်ကိုရီးယားနိုင်ငံလုပ် ဘတ်စ်ကား အစင်း ၂၀၀ ကို ကျောင်းကားအဖြစ် အသုံးပြုရန် ရန်ကုန်သို့ တင်ပို့မည်ဟု တောင်ကိုရီးယား ကုန်သွယ်ရေးအေဂျင်စီက တနင်္လာနေ့က ကြေညာသည်။

ကိုရီးယား ကုန်သွယ်ရေး-ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအေဂျင်စီ Korea Trade-Investment Promotion Agency – Kotra ၏ အဆိုအရ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်သူ Hyundai Motor Co., က ထုတ်လုပ်သော လူ ၂၉ ဦးလိုက်ပါနိုင်သည့် county ဘတ်စ်ကားအသစ်များကို ရန်ကုန်တိုင်းအစိုးရနှင့် Kotra တို့အကြား သဘောတူညီချက်အရ လာမည့်လတွင် တင်ပို့မည်ဟု သိရသည်။

ထိုသဘောတူညီချက်သည် တောင်ကိုရီးယားနှင့်မြန်မာနိုင်ငံအကြား အစိုးရချင်း ပထမဆုံး သဘောတူစာချုပ်ဖြစ်ကာ တောင်ကိုရီးယား Posco Daewoo International Co. နှင့်မြန်မာပြည်မှ ဘတ်စ်ကားကုမ္ပဏီတခုလည်း ပါဝင်ဆောင်ရွက်ကြသည်။

ထိုကျောင်းကားများကို အစိုးရကျောင်းများမှ ကျောင်းသားများအား ကြိုပို့ရာတွင် အသုံးပြုမည်ဟု သိရသည်။ လတ်တလော ရန်ကုန်မြို့တွင်းရှိ ကျောင်းများတွင် ကျောင်းကားအသစ်များ ပြေးဆွဲရန် ရန်ကုန်တိုင်းအစိုးရက ကြီးမှူး စီမံ ဆောင်ရွက်လျက် ရှိသည်။

Loading