သတင်းတို

မန်ချက်စတာအားကစားရုံ ပေါက်ကွဲမှု လူပေါင်း ၁၉ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ အားကစားရုံ၌ ရော့ခ်ဂီတ ဖျော်ဖြေပွဲအပြီးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အတွက် အနည်းဆုံး လူ၁၉ဦးသေဆုံးကာ ၅၀ခန့် ဒဏ်ရာသွားပါတယ်။

ပေါက်ကွဲမှုဟာ ၂ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဒဏ်ရာရသူတွေကို မန်ချက်စတာက ဆေးရုံ ၆ရုံကို ပို့ပေးထားရတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့ အကြီးအကဲကဆိုပါတယ်။

အဆိုပါ အားကစားရုံဟာ လူပေါင်း ၂၁၀၀၀ ဆန့်ပြီး အမေရိကန်အဆိုတော် Ariana Grande ရဲ့ ရော့ခ်ဂီတဖျော်ဖြေပွဲ အပြီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ထရေဇာမေကလည်း ဒါဟာ ဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဆိုလိုက်ပြီး၊ အသေးစိတ်ထုတ်ပြန်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ဆိုပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမှ သူတို့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ယခုအခါ ယင်းအရပ်မှာရှိတဲ့ ဗစ်တိုးရီးယား ဘူတာရုံကို ပိတ်ထားပြီး၊ လူတွေဝင်ရောက်မလာဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

အလားတူ ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့ လေဆိပ်မှာလည်း ဗုံးလန့်မှုတခုဖြစ်ပွားခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading