အမေရိကန်က ဗီယက်နမ်ကမ်းခြေစောင့်တပ်အတွက် ကင်းလှည့်ရေယာဉ် ၆စီး ပေးအပ်လိုက်ပြီး၊ တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများကြားမှ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်။
အဆိုပါ ကင်းလှည့်ရေယာဉ်များမှာ ၄၅ပေ ရှည်တဲ့ Metal Shark အမျိုးအစားဖြစ်ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Ted Osiusက တရားဝင်လွှဲပြောင်းပေးအပ် လိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ကင်းလှည့်ရေယာဉ်များ လွှဲပြောင်းပေးအပ်တာဟာ ဗီယက်နမ် ရေတပ်အနေနဲ့ ရေပိုင်နက်နဲ့ အထူးစီးပွားရေးဇုန်ကို ကာကွယ်ဖို့ အပြင် လူသားချင်းစာနာမှု အထောက်အကူပေးရေးကဏ္ဍတွေအတွက် ပူးပေါင်းဆောင်ရွက်တာသာဖြစ်တယ်လို့ ပါရှိပါတယ်။
ဗီယက်နမ်နဲ့ အမေရိကန်ဟာ ယခုနောက်ပိုင်းမှာ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှု တွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။