တပ်မတော်(လေ)မှ F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်သည် မိတ္ထီလာမြို့နယ် မိတ္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း မိုင်တိုင်အမှတ် ၂၂/၄ နေရာအနီး ဇရပ်ကုန်းစက်ပစ်ကွင်း၌ ယမန်နေ့က ဝေဟင်- မြေပြင်လေ့ကျင့်ပစ်ခတ်ခြင်းဆောင်ရွက်နေစဉ် လေယာဉ်၏ လက်နက် ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချို့ယွင်းမှုကြောင့် လေ့ကျင့်ရေး ဗုံး ၂ လုံး ပစ်မှတ်နေရာတစ်ဝိုက် အချိန်မတိုင်မီ မတော်တဆပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
လေ့ကျင့်ရေး ဗုံး ၂လုံး နှမ်းခင်းထဲ ပြုတ်ကျမှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆိုသည်။
ဒေသခံများအဆိုအရ ဗုံးတလုံးမှာ ပေါက်ကွဲသွားပြီး တလုံးမှာ ပေါက်ကွဲခြင်းမရှိလို့ သိရပါတယ်။
F-7 တိုက်လေယာဉ်မှာ တရုတ်နိုင်ငံလုပ် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်။