ထိုင်းနိုင်ငံ ချင်းမိုင်မြို့ဆရာဖီအရပ် မှာ ၁၆လသား အရွယ်ရှိ တိုက်ကြက်တကောင်ကို ဘတ် ၁သန်း(ကျပ် သိန်း ၃၀၀ ကျော်)ဖြင့် မနေ့က စံချိန်တင် အရောင်းအဝယ်ဖြစ်သွားတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။
ထိုင်းနဲ့ ဗမာမျိုးစပ်ထားတဲ့ တိုက်ကြက်ဟာ ၂.၆ ကီလိုဂရမ် အလေးချိန်စီးပြီး ၃ပွဲနိုင်ထားကြောင်း မူလဝယ်ယူစဉ်က ဘတ် ၈သောင်းသာပေးရကြောင်း ကြက်ပိုင်ရှင် ချန်နာရောင် ချူရန်ချစ်က ပြောပါ တယ်။
အဆိုပါ တိုက်ကြက်ကို Seksan Nanta ဆိုသူက ပထမဘတ် ၅သိန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နောက် ပိုင်းမှာ ဘတ် ၁သန်းအထိ တိုးပေးတဲ့အတွက် ကြက်ပိုင်ရှင် ချန်နာရောင်က ရောင်းဖို့ သဘောတူ လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပိုင်ရှင်သစ် Seksan Nanta ကတော့ ဒီကြက်ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကတည်းက ခွပ် လက် အရမ်းသဘောကျသွားပြီး ဒုတိယပွဲမှာ ပြိုင်ဘက်ကို ၁၆မိနစ်အတွင်းမှာပဲ အနိုင် ယူလိုက် ကတည်းက အရမ်းလိုချင်ကြောင်းပြောပါတယ်။
သူ့အနေနဲ့တော့ တခြားကြက်တွေနဲ့ တိုက်ဖို့ ရှိပေမယ့် သူ့ရဲ့ အဓိကရည်ရွယ်ချက်က တော့ မွေးပြီး တိုက်ကြက်ကောင်းတွေ ဖောက်ရောင်းဖို့ ဖြစ်ကြောင်း ပိုင်ရှင်သစ် Seksan Nanta ကဆိုပါတယ်။
သူဆီမှာ ဘတ် ၄သန်းတန် ဗမာကြက် တကောင်ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။