တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့် ရေပိုင်နက်တွင် ရောက်ရှိနေသော ပဲထိန်းဒုံးပျံတပ် အမေရိကန်ဖျက် သင်္ဘော USS Dewey ကို ထွက်ခွာသွားရန် တရုတ်ရေတပ်က သတိပေးလိုက်ပါ တယ်။
အဆိုပါ အမေရိကန်ဖျက်သင်္ဘောမှာ မနေ့က စပတ်တလီကျွန်း ရေမိုင် ၁၂မိုင်အတွင်း ရောက်ရှိနေပြီး တရုတ်အစိုးရကတော့ ခွင့်ပြုချက်ရယူခြင်းမရှိပဲ ဝင်ရောက်လာတာဟာ တရုတ်ရဲ့ အချုပ်အချာ အာဏာပိုင်မှုနဲ့ လုံခြုံရေး၊ အကျိုးစီးပွားကို ဝင်ရောက်စွက်ဖက်တာဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က ယနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန်ဝေဖန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ ယခုလုပ်ရပ်အမှားကို ပြန်လည်ပြင်ဖို့နဲ့ ရန်စကျူးကျော်မှုကြောင့် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသာမက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မှာ ဖြစ်တဲ့အတွက် ရှောင်ကြဉ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် ပဲထိန်းဒုံးပျံတပ် ဖျက်သင်္ဘော USS Dewey ဟာ မနေ့က စပတ်တလီကျွန်း၏ ရေမိုင် ၁၂မိုင်အထိ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။
စပတ်တလီကျွန်းစုများ ပိုင်ဆိုင်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း စတဲ့ နိုင်ငံတွေအကြား အငြင်းပွားနေပြီး၊ တရုတ်က တောင်တရုတ်ပင်လယ်ထဲမှာ လူလုပ် ကျွန်းတွေကို တည်ဆောက်ကာ လေယာဉ်ပြေးလမ်းများ၊ ထောက်ပံရေးစခန်းများတည်ဆောက်ကာ စစ်ရေးတိုးချဲ့မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။