ဖိလစ်ပိုင်စစ်တပ်ဟာ အင်ဒိုနီးရှားနှင့် မလေးရှားများပါဝင်တဲ့ နိုင်ငံခြားသားစစ်သွေးကြွများနဲ့ ရင်ဆိုင် တိုက်ခိုက်နေရကြောင်း ယနေ့ ဖိလစ်ပိုင်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။
လူဦးရေ ၂သိန်းကျော်ရှိတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်း မာရာဝီမြို့ကို Maute စစ်သွေးကြွ အုပ်စုလက်ကနေ ပြန်လည်သိမ်းပိုက်ဖို့ ဖိလစ်ပိုင်စစ်တပ်က လုပ်ဆောင်ရာမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ မလေးရှားနဲ့ အင်ဒိုနီးရှား လူမျိုး ၆ဦးကို အသေဖမ်းဆီးမိခဲ့ပါတယ်။
ဖိလစ်ပိုင် အထူးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ မနေ့ကတိုက်ပွဲမှာ စစ်သား ၁၁ဦး နဲ့ စစ်သွေးကြွ ၃၁ ဦး သေဆုံးခဲ့ပါတယ်။
ဖိလစ်ပိုင် ရှေ့နေချုပ် ဂျိုးစ် ကယ်လီဒါက “အရင်တုန်းကတော့ ဒေသတွင်းအကြမ်းဖက် အုပ်စုဖြစ်ပေ မယ့်၊ အခုအခါမှတော့ အစ္စလာမ်နိုင်ငံဆိုတဲ့ IS အယူအဆအတွေးအခေါ်တွေကို ဖြန့်ကျက်ပုံဖော် လာ နေကြောင်း၊ မင်ဒါနာအိုကျွန်းကို အစ္စလာမ်မစ် နိုင်ငံ ထူထောင်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
မင်ဒါနာအိုကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပြီး၊ မွတ်ဆလင်အများစုနေထိုင် ကြပါတယ်။
ရုရှားနိုင်ငံကို အလယ်အပတ်ရောက်ရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒီဂို ဒူတာတေးကလည်း မင်ဒါနာအို ကျွန်းကို ရက်ပေါင်း ၆၀ စစ်အုပ်ချုပ်ရေး ထုတ်လိုက်သလို၊ အစ္စလာမ်မစ် စစ်သွေးကြွများ အန္တရာယ်ကိုလည်း သတိပေးလိုက်ပါတယ်။
သမ္မတ ဒူတာတေးရဲ့ ရုရှားခရီးစဉ်မှာ ဖိလစ်ပိုင်တပ်တွေအနေနဲ့ IS နဲ့ ဒေသတွင်းအကြမ်းဖက်အဖွဲ့ တွေကို ရင်ဆိုင်ဖို့ ခေတ်မီလက်နက်တွေ ပိုမိုလိုအပ်ကြောင်းလည်း ပြောပါတယ်။