သတင်းတို

ထိုင်း KBank နှင့် ကမ္ဘောဇဘဏ် ချိတ်ဆက်ငွေလွှဲယူနိုင်ပြီ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်း Kasikorn Bank (KBank) မှတဆင့် ပြည်တွင်းရှိ ကမ္ဘောဇဘဏ်များသို့ ချိတ်ဆက်၍ ငွေလွှဲပေးပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ် (KBZ) က သတင်းထုတ်ပြန်သည်။

ကမ္ဘောဇဘဏ်၏ International Banking Divison မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းလွင်က “ATM ကွန်ရက်ကနေတဆင့် ငွေလွဲှနိုင်မှာဖြစ်တယ်။ မြန်မာပြောင်းရွှေ့လုပ်သားတွေအတွက် ရည်ရွယ်ပါတယ်။ လုပ်သားအနေနဲ့ ကမ္ဘောဇဘဏ်ရဲ့ အကောင့် ရှိရမယ်။ မြန်မာပြည်ကနေ လက်ခံရယူမယ့်သူကလည်း ကမ္ဘောဇဘဏ်ရဲ့ အကောင့်ရှိရမှာ ဖြစ်တယ်” ဟု ပြောသည်။

ငွေလွဲှရာတွင် ထိုင်းနိုင်ငံတဝန်းရှိ KBank ATM စက်များမှတဆင့် ဘားကုတ်ကို စကင်ဖတ် စစ်ဆေးခြင်းဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အကောင့်တခုကို တနေ့အတွင်း တကြိမ်နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ အထိ (မြန်မာကျပ် ၃,၉၀၀,၀၀၀ ဝန်းကျင်) ငွေလွှဲပေးပို့နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading