သတင်းတို

ပနားမား အာဏာရှင်ဟောင်း နိုရီဂါ ကွယ်လွန်

ပနားမား အာဏာရှင်ဟောင်း မာနြူရယ် နိုရီဂါ(၈၃နှစ်)ဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း လက်ရှိ သမ္မတ ဂျူအန် ကားလိုစ် ဗာရီလာက တနင်္လာနေ့ နှောင်းပိုင်းမှာ လူမှုကွန်ရက် Tweeter တွင်ရေး သားလိုက်ပါတယ်။

လက်ရှိသမ္မတ ဂျူအန် ကားလိုစ်က ကျနော်တိုရဲ့ သမိုင်းမှာ နိုရီဂါရဲ့ အခန်းကဏ္ဍပြီးဆုံးသွားပါပြီလို့ ရေးသား ထားပါတယ်။

အာဏာရှင်ဟောင်း နိုရီဂါဟာ မူလက အမေရိကန်လိုလားတဲ့သူတဦးဖြစ်ပေမယ့် ၁၉၈၉ခုနှစ်မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်စစ်သားတွေ ပနားမားကို လာ ရောက်တိုက်ခိုက်ကာ ဖြုတ်ချ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတာဖြစ်ပြီး၊ ကိုလံဘီယာ မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ လုပ်ကိုင်ခဲ့တယ်လို့ လည်းပြောဆိုမှုတွေ ရှိခဲ့ ပါတယ်။

အမေရိကန်ကို ဖမ်းဆီးခေါ်ဆောင်ကာ ပထမဆုံး ဖလော်ရီဒါမှာ ချုပ်နှောင်ခံခဲ့ရပြီးနောက် ပြင်သစ်ကို ရွေ့ပြောင်းခံခဲ့ရပါတယ်၊ နှစ်ပေါင်း ၂၅နှစ်ခန့် ဖမ်းဆီးခံရကာ ၂၀၁၁ခုနှစ်မှာ လူသတ်မှုအတွက် နှစ် ၂၀ ပြစ်ဒဏ်ကျခံဖို့ ပနားမားသို့ ပြန်ပို့ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ဦးနှောက်ခွဲစိတ်ခံယူဖို့ အတွက် ထောင်ကလွှတ်ပေးလိုက်တဲ့နောက်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Loading