ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ အမေရိကန်ဒေါ်လာ သန်း ၁၂၀ခန့် တန်ဖိုးရှိသည့် မက်သာဖက် တမင်း ၆၀၄ ကီလိုဂရမ်ကို တရုတ်နှင့် ဖိလစ်ပိုင်အရာရှိများ ပူးပေါင်းပါဝင်သည့် နှိမ်နင်းရေး အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့သည့် သောကြာနေ့က ရှာဘူးဟုခေါ်သော မက်သာဖက်တမင်း ၆၀၄ ကီလိုဂရမ်ကို ဗယ်လန်ဇူး လားမြို့ရှိ ဂိုဒေါင် ၂လုံးတွင် တရုတ်အကောက်ခွန်အရာရှိများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိ ခြင်းဖြစ်ပြီး၊ မနေ့က ပလတ်စတစ်အိတ်များနှင့် ထည့်ထားသည့် အဆင့်မြင့် မက်သာဖက် တမင်း များကို မီဒီယာများသို့ ပြသခဲ့သည်။
အဆိုပါ အမှုတွင် ဖိလစ်ပိုင်နိုင်ငံသား တဦးကို ဖမ်းဆီးခဲ့ပြီး၊ ဂျူမင်ချန်းနှင့် ချန်မင်းဆိုသူ ၂ဦးကို ရဲက အလိုရှိနေကြောင်း သိရပါတယ်။
ဖိလစ်ပိုင် အမျိုးသား စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဒါရိုက်တာ ဖာဒီနန် လာဗင်က “ဒါဟာ အစိုးရရဲ့ အေဂျင် စီ အများအပြားသာမက နိုင်ငံတကာ အသိုင်းအဝန်းနဲ့ပါ ပူးပေါင်းဆောင်ရွက်တဲ့ ကောင်းမွန်တဲ့ သင်္ကေ တဖြစ်ပါတယ်”လို့ ပြောကြောင်း South China Morning Post သတင်းက ဆိုပါတယ်။
တရုတ်အကောက်ခွန်အရာရှိများကလည်း ယခုအကြိမ် မူးယစ်ဆေးဝါး ဖမ်းဆီးမှုသည် တရုတ်နှင့် ဖိလစ်ပိုင်တို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး နောက် မူးယစ်ဆေးဝါးများ အများဆုံးဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုပါတယ်။
ဖိလစ်ပိုင် သမ္မတ ဒူတာတေး တက်လာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲသူများဟု စွပ်စွဲခံရသည့် လူပေါင်း ၂၅၀၀ခန့် သေဆုံးခဲ့ကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲသလို၊ ပြီးခဲ့သည့် မတ်လအတွင်းကလည်း မူးယစ်ဆေးဝါး ပြဿနာနှင့် ပတ်သက်၍ သမ္မတရာထူးမှ မထွက်မီ မူးယစ်ဆေးဝါးပြဿနာကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။