မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်မှုကို တန်ပြန်မယ့် အမေရိကန်ရဲ့တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ရေး ဒုံးခွင်း ဒုံးကို မနေ့က အောင်မြင်စွာ စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ဒီစမ်းသပ်မှုမှာ ပစ္စိဖိတ်သမုဒ္ဒရာအတွင်းမှာ ရှိတဲ့ ကျွန်းတကျွန်းမှ တိုက်ချင်းပစ် ဒုံးပျံ တစင်း ပစ်လွှတ်လိုက်ပြီး နောက် ကယ်လီဖိုးနီးယားက Vandenberg လေတပ်စခန်းကနေ ဒုံးခွင်းဒုံးနဲ့ ပစ်ချသည့် ပုံစံမျိုး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပင်တာဂွန် စစ်ဌာနချုပ်ရဲ့ ဒုံးပျံကာကွယ်ရေး အေဂျင်စီ(MDA) ဒါရိုက်တာ ဂျင်မ်ဆာရင်း ကလည်း တိုက်ချင်းပစ် ဒုံးပျံကို အောင်မြင်စွာ ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒီလိုစမ်းသပ်မှုကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကလည်း စမ်းသပ်ခဲ့ရာမှာလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုက ပစ်မှတ်တွေအထိ ရောက်နိုင်မယ့် တိုက်ချင်းပစ် ဒုံးပျံများကို စမ်းသပ်နေရာ မကြာခဏဆိုသလို စမ်းသပ်မှုများ ပြုလုပ်နေရာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တာတိုပစ် ဒုံးပျံ တစင်း ကို ပစ်လွှတ်စမ်းသပ်ခဲ့ရာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ပါတယ်။