ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့နေရာတော်တော်များများကို သိမ်းပိုက်ထားသည့် Maute အစ္စလာမ်စစ် သွေးကြွများကို အာဏာပိုင်များက လက်နက်ချမည်လား အသေခံမည်လားဟု ရာဇသံပေးလိုက် ပါတယ်။
အစိုးရတပ်မှ ဗိုလ်မှူးချုပ် Restituto Padillaက “ကြွင်းကျန်နေတဲ့ အကြမ်းဖက်သမားတွေ လက်နက် ချဖို့ အခွင့်အရေးရှိတယ်၊ လက်နက်မချရင်တော့ အသေခံဖို့ ပဲရှိပါတယ်လို့ ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
မာရာဝီမြို့သိမ်း တိုက်ပွဲ ၈ရက်မြောက်နေ့မှာ Maute စစ်သွေးကြွ ၆၅ ဦးကို သုတ်သင်နိုင်ခဲ့သလို၊ စစ်သား ၂၀၊ အရပ်သား ၁၉ဦး သေဆုံးခဲ့ပြီးထောင် ပေါင်း များစွာသော မြို့ခံတွေလည်း စစ်သွေးကြွတွေလက်ထဲမှာ ပိတ်မိ့နေဆဲလို့ သိရပါတယ်။
မနေ့ကတော့ ဖိလစ်ပိုင်တပ်များက လေကြောင်းအကူအညီရယူကာ စစ်သွေးကြွများ ထိန်းချုပ်ထား တဲ့ နေရာတွေကို သိမ်းပိုက်ဖို့ ပြုလုပ်ခဲ့ပြီး၊ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ် Restituto Padilla က လေကြောင်းတိုက်ခိုက်မှုဟာ အပျက်အစီးနဲအောင် တိတိကျကျ ပစ်မှတ်ကို တိုက်ခိုက် တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အဓိကအရေးပါတဲ့ မြို့တွင်း တံတားတဝိုက်က နေရာတွေမှာ IS အလံတွေ ရှိနေဆဲဖြစ် တယ်လို့ သိရပါတယ်။
Maute အဖွဲ့ခေါင်းဆောင် Isnilon Hapilon ပုန်းအောင်နေရာကို ဖိလစ်ပိုင်တပ်တွေ မအောင်မြင်တဲ့ ဝင်ရောက်စီးနင်းမှု ပြီးနောက်မှာ မာရာဝီမြို့ တိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အဖွဲ့ခေါင်းဆောင် Isnilon Hapilonဟာ ဒေသတွင်းအစွန်းရောက်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သလို့ အဘူဆေယက်ဖ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒါအပြင် IS အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။
အဘူဆေယက်ဖ် အဖွဲ့နဲ့ Maute အဖွဲ့ဟာ ပူးပေါင်းပြီး တောင်ပိုင်းဒေသကို အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
မာရာဝီမြို့ကို သိမ်းပိုက်တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေထဲမှာ ပြည်တွင်းကသာမက မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက တိုက်ခိုက်ရေးသမားတွေပါ ပါဝင်နေပါတယ်။