တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ဦးဆောင်သည့် တရုတ်တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ ဟာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ယနေ့မှာတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ရောက်ရှိနေပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ဟာ မနေ့က ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိနေခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ ပါဝင်နေသလို၊ မကြာသေးမီကလည်း တရုတ်ရေတပ် သင်္ဘောအုပ်စုတစု သီလဝါဆိပ်ကမ်းကို ရောက်ရှိလာပြီး မြန်မာ့ရေတပ်နဲ့ ပထမဆုံးအကြိမ် ပူးတွဲ လေ့ကျင်မှုတွေပြု လုပ်ခဲ့တယ်လို့ သတင်းတချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawat ဟာ မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး ၄ရက်ကြာ ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။