သတင်းတို

မနီလာမြို့တော် အပန်းဖြေစခန်းတိုက်ခိုက်မှု၊ လူ ၃၄ဦးခန့် သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် လေဆိပ်အနီးမှ အပန်းဖြေစခန်း World Manila ကို မနေ့ညက မျက် နှာဖုံးစွပ် သေနတ်သမားတဦး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဟိုုတယ်ကို မီးတင်ရှို့ခဲ့တဲ့အတွက် လတ်တလောမှာ လူ ၃၄ ဦးခန့်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။
သေဆုံးသူများဟာ မီးလောင်ကျွမ်းရာမှ ထွက်လာတဲ့ မီးခိုးငွေ့များကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီမြို့မှာ IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုပြီး၊ ဤဖြစ်ရပ်ဖြစ်ပေါ်လာတာကြောင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ လူအများက ပြောဆိုနေပေမယ့် အာဏာပိုင်တွေကတော့ ငြင်းဆိုခဲ့ပါတယ်။

ဖိလစ်ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ရော်နယ် ဒီလာ ရိုဆာ ကတော့ သေနတ်သမားဟာ အကြမ်းသမား မဟုတ်ဘဲ၊ ကက်ဆီနိုရုံက အသုံးပြုတဲ့ တိုကင်တွေကို ခိုးဖို့လာတဲ့ သူခိုးတယောက်ဖြစ်နိုင်ကြောင်း၊ သူဟာ ကက်ဆီနိုရုံကို မီးရှို့ဖို့အတွက် ဓာတ်ဆီကို ဗူးနဲ့ ထည့်လာကာ မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်သမားရဲ့ ပုံသဏ္ဍန်ကတော့ အရပ်ရှည်ရှည် အသားဖြူဖြူ အင်္ဂလိပ်စကားပြောတဲ့သူတဦး ဖြစ်ပြီး၊ နောက်ပိုင်းမှာတေ့ သူဟာ ဟိုတယ်အခန်းနံပါတ် ၅၁၀ ထဲမှာ သေဆုံးနေပြီး၊ ကိုယ်ကိုကိုယ် သတ်သေတာဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

အပန်းဖြေစခန်းပိုင်ရှင်ကလည်း လူတော်တော်များများ ဒဏ်ရာရရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

လူပေါင်း ၄၄ ဦးကတော့ ဆေးရုံမှာ တင်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading