သတင်းတို

လူသတ်မှုဖြင့် မြန်မာဘက်ခြမ်း တိမ်းရှောင်လာသည့် ထိုင်း အမျိုးသမီး ၃ဦး ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ အရှေ့မြောက်ဒေသ ခွန်ကဲန်ပြည်နယ်မှာ ကာရာအိုကေဆိုင်မှ အမျိုးသမီးတဦးကို သတ်ဖြတ်ကာ မြန်မာဘက်ခြမ်း တာချီလိတ်မြို့သို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ထိုင်းအမျိုးသမီး ၃ဦး မြန်မာအာဏာပိုင်များက ဖမ်းဆီးပြီး ယမန်နေ့ညက ထိုင်းနိုင်ငံ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း The Nation သတင်းကဆိုပါ တယ်။

အဆိုပါ လူသတ်မှုဖြင့် သံသယရှိသူ အမျိုးသမီး ၃ဦးမှာ အသက် ၂၄နှစ်ရှိ ပရီအော၊ အသက် ၂၅ နှစ်ရှိ အန်း နဲ့ အသက် ၂၈ နှစ် အရွယ်ရှိ ဂျေးတို့ ဖြစ်ပြီး၊ သူတို့ဟာ မေလ ၂၃ရက်နေ့က ကာရာအိုကေဆိုင် မှာ အလုပ်လုပ်နေ တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ နောင့်အန် ဆိုသည့် အမျိုးသမီးကို မျက်နှာအား ပလတ်စတစ်အိတ်စွပ်ကာ ရိုက်သတ်ပြီးနောက် နှစ်ပိုင်းဖြစ်အောင် ခုတ်ထစ်ကာ အလောင်းကို စွန့်ပစ်ခဲ့တယ်လို့ ထိုင်းသတင်း တွေက ဆိုပါတယ်။

 

သူတို့ဟာ မြန်မာဘက်ခြမ်း တာချီလိတ်မြို့ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းရတဲ့ အတွက် ဖမ်းဆီးပေးဖို့ ထိုင်းအာဏာပိုင်တွေက မြန်မာ- ထိုင်း နယ်ခြားကော်မတီကို အကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ပရီအောနဲ့ အန်းကိုတော့ ကြိုတင်ကြံစည် သတ်ဖြတ်မှု၊ အလောင်းဖျောက်မှု နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး၊ ဂျေးကတော့ သတ်ဖြတ်စဉ် အနားမှာရှိတဲ့အတွက် ဝရမ်းထုတ်ခြင်း ခံရတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီး ၃ဦးကို တာချီလိတ်သို့ ခေါ်ဆောင်လာသည်ဟု သံသယရှိသည့် ထိုင်းနိုင်ငံသား ၂ဦးကို ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့ မြန်မာအာဏာပိုင်တို့က ထိုင်းဘက်ခြမ်းသို့ လွှဲပြောင်းပေးအပ်လိုက် ကြောင်း ဒေသတွင်း တာချီလိတ် News Agency မှာဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် –လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်လာသူ ထိုင်းအမျိုးသမီးများကို မြန်မာရဲက ရှာဖွေနေ

Did you find apk for android? You can find new Free Android Games and apps.
Loading