သတင်းတို

လန်ဒန်တိုက်ခိုက်မှု သူတို့ပြုလုပ်ဟု IS ကြေညာ

လန်ဒန်တံတား တိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့ကြောင်း IS အဖွဲ့ ဝါဒဖြန့်ချိရေးသတင်းဌာနက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

IS ဝါဒဖြန့်ချိရေး သတင်းဌာန Amaqက သူတို့၏ စစ်သွေးကြွများဟာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ လူ ၇ဦး သေဆုံးကာ ၄၈ဦး ဒဏ်ရာရရှိတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ တာဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးခဲ့တာဖြစ်ပါတယ်။

စနေနေ့ညပိုင်း ဒေသစံတော်ချိန် ၁၀နာရီ ၈မိနစ်ခန့်က လန်ဒန်မြို့ရှိ လန်ဒန်တံတားမှ လူများကို ဗင်ကားအဖြူနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊Borough ဈေးမှာလည်း လူတဦးက ဓားဖြင့် အကြမ်း ဖက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် လူပေါင်း ၇ဦးသေဆုံးကာ ၄၈ဦး ဒဏ်ရာရခဲ့ပါတယ်။

အလားတူ အကြမ်းဖက်သမား ၃ဦးလည်း နေရာမှာတင် သေဆုံးခဲ့ပြီး၊ ရဲတပ်ဖွဲ့ အကြီးအကဲက အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၈ဦးဟာ ကျည်ဆန် အတောင့်ရေ ၅၀ကို အသုံးပြုကာ အကြမ်းဖက်မှုကို ရပ်တန့်စေခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လန်ဒန်ရဲအဖွဲ့က လူ ၁၂ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

လန်ဒန်တိုက်ခိုက်မှုအပြီး ဂျာမနီကလည်း လုံခြုံရေး အခြေအနေကို တိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

Loading