သတင်းတို

ကာတာကို အာရပ် ၄နိုင်ငံ သံတမန် အဆက်အသွယ်ဖြတ်တောက်

အကြမ်းဖက်ဝါဒ အားပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကာတာနိုင်ငံအား ကျန်အာရပ် ၄နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗီးယား၊ အီဂျစ်၊ ဘာရိန်းနှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု (UAE)တို့က သံတမန် အဆက်အသွယ်ဖြတ်တောက်လိုက်ကြောင်း ယနေ့နံနက် စောစောပိုင်းက ကြေညာလိုက်ပါတယ်။

အဆိုပါ ပင်လယ်ကွေ့အာရပ်နိုင်ငံများရဲ့ စွပ်စွဲချက်အရ ကာတာဟာ IS၊ အယ်ကိုင်ဒါးနဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ (Muslim Brotherhood)များကို အားပေးမှုပြုလုပ်နေသလို၊ သူများနိုင်ငံအရေး ကိုလည်း ဝင်ရောက်စွက်ဖက်နေပြီး ၊ ယီမင်မှာရှိတဲ့ ဆော်ဒီအာရေဗီးယား ဦးဆောင်တဲ့ ညွန်ပေါင်း တပ်ကို ဗုံးခွဲတိုက်ခိုက်ကာ ထွက်ခွာစေရန် ပြုလုပ်နေကြောင်း ပါရှိပါတယ်။

ဆော်ဒီအာရေဗီးယား၊ အီဂျစ်၊ ဘာရိန်းနှင့် UAE တို့ဟာ ပင်လယ်ကွေ့နိုင်ငံများအဖွဲ့မှာလည်း အရေးပါ သည့် နိုင်ငံများဖြစ်သလို အာရပ်အဖွဲ့ချုပ်မှာလည်း သြဇာရှိပါတယ်။

အဲဒီနိုင်ငံများဟာ ကာတာနိုင်ငံနဲ့ လေကြောင်း၊ ပင်လယ်ရေကြောင်း အဆက်အသွယ်များလည်း ဖြတ်တောက်ခဲ့ပြီး၊ ဘာရိန်းနိုင်ငံကတော့ ကာတာနိုင်ငံသားတွေကို သူ့နိုင်ငံထဲက ၁၄ရက်အတွင်း ထွက်ခွာဖို့ ပြောဆိုထားပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံကလည်း လက်ရှိ ယီမင်ပြည်တွင်းစစ်မှာ ကာတာစစ်သားများ ပါဝင်နေမှုကို ဖယ်ရှားပေးဖို့ တောင်းဆိုမယ်လို့ ဆိုပါတယ်။

ကာတာနိုင်ငံကတော့ အာရပ်လေးနိုင်ငံရဲ့ လုပ်ရပ်ဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်တာဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံဟာ လာမည့် ၂၀၂၂ ခုနှစ်မှာ ကမ္ဘာဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး၊ ကာတာလေကြောင်းလိုင်း Qatar Airways ဟာ ဒေသတွင်းမှာ အရေးကြီးဆုံး လေကြောင်းလိုင်းဖြစ် ပြီး၊ လေကြောင်းလိုင်းနဲ့ ကာတာအစိုးရကတော့ ဒီလိုပြုလုပ်ချက်ကို မှတ်ချက်ချတစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။

လတ်တလော ကာတာနိုင်ငံက al-Udeid လေတပ်စခန်းမှာ အမေရိကန် စစ်ဌာနချုပ်နဲ့ စစ်သား ၁သောင်းခန့်ရှိနေပြီး၊ ယင်း ပင်လယ်ကွေ့နိုင်ငံများရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မည်သို့မည်ပုံ အကျိုးသက်ရောက်မယ်ဆိုတာကိုတော့ မသိသေးပါဘူး။

ဘာရိန်းနိုင်ငံကတော့ ကာတာဟာ လက်နက်ကိုင်အကြမ်းဖက်လှုပ်မှုတွေကို မီဒီယာတွေကတဆင့် ထောက်ခံလှုံဆော်ခဲ့သလို့ အကြမ်းဖက်အုပ်စုတွေအတွက် ငွေကြေးရံပုံငွေကို အီရန်အုပ်စုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

Loading