သတင်းတို

လူသတ်မှုဖြင့် ဖမ်းခံရသည့် ထိုင်းအမျိုးသမီးများ ပြန်လည်သရုပ်ပြမှုပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ခွန်းကဲန်းပြည်နယ်က ကာရာအိုကေဆိုင်မှ အသက် ၂၂နှစ်အရွယ် နောင့်အန်ဆိုသူ အမျိုး သမီး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသမီး ၃ဦးဟာ ယနေ့မှာတော့ ပြန်လည် သရုပ်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။

သူတို့ရဲ့ ပြန်လည်သရုပ်ပြမှုကို အသတ်ခံရသူ နောင့်အန်ရဲ့ အဖွားနဲ့ အဒေါ်လည်း လာရောက်ကြည့် ရှု့ခဲ့ပြီး၊ ဒေါသထွက်နေတဲ့ ရွာသား ၁၀၀ခန့်ကြောင့် ရဲတပ်ခွဲ ၂ခွဲက စောင့်ကြပ်ခဲ့ရပါတယ်။

လူသတ်မှုမှာ အဓိကပါဝင်သူလို့ ပြောဆိုနေတဲ့ ပရီအောက သူဟာ နောင့်အန်ကိုသတ်ဖို့ ရည်ရွယ် ချက်မရှိပါဘူး၊ သတ်ဖို့ ရည်ရွယ်ရင်တောင်မှ သူပြေးမှာပေါ့လို့ နောင့်အန်ဆွေမျိုးတွေကို ပြောတယ်လို့ သိရပါတယ်။

သူတို့ဟာ လူသတ်မှုကို ကားထဲမှာ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး၊ အသတ်ခံရသူ နောင့်အန်ကို ပရီအောက တိုက်ခိုက်ခဲ့သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ခွန်ကဲန်းပြည်နယ် အမှတ် ၄တိုင်း လက်ထောက်ရဲမှူးက ပြောပါတယ်။

အဲဒီနောက်မှာ အလောင်းဖျောက်ဖို့အတွက် စတိုးဆိုင်မှာ ပစ္စည်းတွေဝယ်ပြီး အပန်းဖြေစခန်းကို ကားနဲ့ သွားရောက်ခဲ့ပြီးနောက် အပန်းဖြေစခန်းတခုမှာ အလောင်းကို လွှနဲ့ ၂ပိုင်းပိုင်းကာ အိတ် အတွင်းထည့်ပြီး ဖျောက်ဖျက်ခဲ့ ခြင်းဖြစ်ပါတယ်။

လူသတ်မှုမှာ သံသယရှိသူတွေကတော့ အသက် ၂၄နှစ်ရှိ ပရီအော၊ အသက် ၂၅ နှစ်ရှိ အန်း နဲ့ အသက် ၂၈ နှစ် အရွယ်ရှိ ဂျေးတို့ ဖြစ်ပြီး၊ သူတို့ဟာ သူငယ်ချင်းဟောင်းဖြစ်သူ နောင့်အန် ၂၂နှစ်ကို သတ်ဖြတ်ကာ မြန်မာပြည်ဘက်ခြမ်းရှိ တာချီလိတ်မြို့ မှာ ရှောင်တိမ်းနေ ရာကနေ စနေ့နေ့မှာတော့ မြန်မာရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။

ထိုနောက် ချင်းရိုင်းမှ ဘန်ကောက်သို့ လေယာဉ်ဖြင့်ခေါ်ဆောင်ကာ ရဲချုပ်က စစ်ဆေးမေးမြန်းပြီး၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက အဆိုပါ အမျိုးသမီးငယ်များအနေနဲ့ သူငယ်ချင်း နောင့်အန် ကို သတ်ဖြတ်ရခြင်းမှာ ကိုယ်ရေးကိုယ်တာ လက်စားချေခြင်း သက်သက်သာဖြစ်ပြီး၊ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ မသက်ဆိုင်ကြောင်း ပုံဖော်ပြောဆိုပါတယ်။

ထို့အတူ ကားမောင်းပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ဝါဆမ်နမ်ပွန် ဆိုသူ အမျိုးသားကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့က တည်းခိုခန်းတခုမှာ ဖမ်းမိခဲ့ပြီး သူ၏ ချစ်သူ ဂျီဒါရက်ကိုတော့ ဘန်ကောက်မြို့မှာ ဖမ်းမိထားပြီးဖြစ်ပါတယ်။

၎င်းအမျိုးသမီး ၃ဦး မြန်မာဘက်ခြမ်းမှ လွှဲပြောင်းပြီး ချင်းရိုင်ရဲစခန်းမှာ ရှိနေစဉ် သူတို့နဲ့အတူ ဓာတ်ပုံများနှင့် ဗီဒီယိုတွဲရိုက်ခဲ့တဲ့ ပုံများ လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်မှာ တက်လာတဲ့ အတွက် ထိုင်းပြည်သူများအကြား ဝေဖန်စရာဖြစ်ခဲ့ပြီးတဲ့နောက်မှာ ထိုင်းရဲတပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် –လူသတ်မှုဖြင့် မြန်မာဘက်ခြမ်း တိမ်းရှောင်လာသည့် ထိုင်း အမျိုးသမီး ၃ဦး ဖမ်းမိ

လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်လာသူ ထိုင်းအမျိုးသမီးများကို မြန်မာရဲက ရှာဖွေနေ

Did you find apk for android? You can find new Free Android Games and apps.
Loading