ဗြိတိန်နိုင်ငံ လူ ၇ဦးသေဆုံးပြီး လူ ၅၀ကျော် ဒဏ်ရာခဲ့ရသည့် လန်ဒန်တံတားနှင့် Borough ဈေး တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူ ၂ဦး၏ ဓာတ်ပုံနဲ့ အမည်တွေကို ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပေးလိုက် ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်တံတားပေါ်တွင် လူများကို ကားဖြင့် ဝင်ရောက်တိုက်ခိုက်မှုနှင့် Borough ဈေး၌ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတို့ကြောင့် လူ၇ဦးသေဆုံးခဲ့သလို၊ အကြမ်းဖက်သမား ၃ဦးကိုလည်း အသေပစ် ခတ်ဖမ်းဆီးခဲ့သည်။
ယခုထုတ်ပြန်သည့် အကြမ်းဖက်သမား ၂ဦးမှာ လန်ဒန် အရှေ့ပိုင်း Barking တွင် နေထိုင်သည့် ခိုရမ် ရှာဇတ်ဘတ်နှင့် ရစ်ချတ် ရီဒွန်ဆိုသူတို့ဖြစ်ပြီး၊ အသက် ၂၇နှစ်အရွယ်ရှိ ခိုရမ် ရှာဇတ်ဘတ် ကတော့ ပါကစ္စတန်မှာ မွေးဖွားတဲ့ ဗြိတိန်နိုင်ငံသား တဦးဖြစ်ပြီး၊ အသက် ၃၀ အရွယ် ရစ်ချတ် ရီဒွန်ကတော လစ်ဗျား အနွယ်ဖွား မိုနာကိုနိုင်ငံသား တဦးဖြစ်သလို သူဟာ အိုင်ယာလန်နိုင်ငံမှာ နှစ်အတော်ကြာ နေဖူးတယ်လို့ သိရပါတယ်။
အကြမ်းဖက်သမား ၃ဦးအနက် နောက်တဦးကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။