ဆော်ဒီအာရေဗီးယား မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(GACA)က ကာတာလေကြောင်းလိုင်း (Qata Airways) လိုင်စင်ကို ရုပ်သိမ်းလိုက်ပြီး၊ လေကြောင်း ရုံးကိုလည်း ၄၈နာရီအတွင်း ပိတ်သိမ်းဖို့ အမိန့်ပေးလိုက်ကြောင်း ဆော်ဒီအာရေဗီးယား လေကြောင်းကြီးကြပ်ရေးအဖွဲ့က ကြေညာချက် ထုတ်လိုက်ပါတယ်။
ကြေညာချက်အရ ကာတာလေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေသူများလည်း အလုပ်လုပ်ခွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရပါတယ်။
ယမန်နေ့နံနက်ပိုင်းက ဆော်ဒီအာရေဗီယား၊ အီဂျစ်၊ ဘာရိန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)တို့ ကာတာနိုင်ငံအား အကြမ်းဖက်ဝါဒ အားပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် သံတမန်အဆက် အသွယ်ဖြတ်တောက်လိုက်ပြီးနောက် လေကြောင်းနှင့် ရေကြောင်း သွားလာရေးကိုပါ ပိတ်ပင်လိုက် ခြင်းဖြစ်ပါတယ်။
ထို့နောက် ဆော်ဒီအာရေဗီးယား မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့(GACA)က ကာတာလေကြောင်း လိုင်းမှ လေယာဉ်များ ဆော်ဒီဘုရင်နိုင်ငံမှ လေဆိပ်များတွင် ဆင်းသက်ခွင့် ပိတ်ပင်လိုက်ပြီးနောက် လိုင်စင်ပါ ရုပ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်။
ယခုအဖြစ်အပျက်ဟာ ပင်လယ်ကွေ့နိုင်ငံများအကြား အဆိုးရွားဆုံးဖြစ်ပျက်မှုဖြစ်ပါတယ်။
အလားတူ UAE အခြေစိုက် Etihad Airways လေကြောင်းလိုင်းဟာလည်း ကာတာနိုင်ငံ ဒိုဟာသို့ ပျံသန်းမည်လေယာဉ်များနှင့် ထွက်ခွာမည်လေယာဉ်များကို မနေ့ကတည်းက ရပ်ဆိုင်းပါတယ်။