သတင်းတို

မွန်ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီးအသစ် ကန့်ကွက်သူမရှိ၍ ခန့်အပ်ခံရ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် မြို့ပြအင်ဂျင်နီယာဖြစ်သည့် ဘီလူးကျွန်း၊ ရွာလွတ် ရွာသား ဦးမင်းကျော်လွင်ကို ယနေ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ခန့်အပ်လိုက်ကြောင်း သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အဆိုပြုထားသည့် ဦးမင်းကျော်လွင်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၀ (ဂ) အရ ကိုက်ညီခြင်း မရှိဟုဆိုကာ မွန်ပြည်နယ် ပေါင်မြို့ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ယင်းအစည်းအဝေး၌ ဆွေးနွေးခဲ့သည်။

ပုဒ်မ ၁၂၀ (ဂ)အရ ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချ နေထိုင်ခဲ့သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းပါရှိသည့်အတွက် ယင်းအချက်နှင့် မကိုက်ညီသဖြင့် ဦးထွန်းမင်းအောင်က ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လွှတ်တော်တွင် ကန့်ကွက်ဆွေးနွေးသူမရှိသဖြင့် အတည်ပြု ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၈၄ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ ဘီအီး မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ကျောင်းပြီးထားသည့် ဦးမင်းကျော်လွင် သည် ၁၉၈၅ မှ ၂၀၀၀ ခုနှစ်အထိ ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ မှ ၂၀၀၂ အထိ အလွတ်တန်း အင်ဂျင်နီယာ အဖြစ်လည်းကောင်း၊ ၂၀၀၂ မှ ၂၀၀၇ အထိ ကမ္ဘောဒီးယားနိုင်ငံ၌ လည်းကောင်း ၊ ၂၀၀၇ မှ ၂၀၁၃ အထိ စင်ကာပူ၌လည်းကောင်း ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ကိုယ်ရေး မှတ်တမ်းအရ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading