ကနေဒါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဝန်ကြီးချုပ် Rt. Hon Justin Trudeau နဲ့ မနေ့က တွေ့ဆုံရာ ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားရေး ဆိုင်ရာကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ ၈.၈ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ ဝန်ကြီးချုပ်တို့ဟာ မြန်မာ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့် ရေး၊ ကောင်းမွန်သည့် စီမံအုပ်ချုပ်ရေး ၊ အမျိုးသမီးနှင့် လူငယ်များအခန်းကဏ္ဍမြှင့်တင်ရေး၊ စီးပွား ရေးဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်မှုဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ များပံ့ပိုး ပေးရေး၊ လူသားချင်းစာနာထောက် ထားမှုအကူအညီများပေးအပ်ရေးနှင့် မြန်မာအစိုးရမှ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်း စဉ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၄ရက်နေ့က စတင်ပြီး ကနေဒါနဲ့ ဆွီဒင်တို့ကို တရားဝင်ချစ်ကြည်ရေးခရီးထွက်ခဲ့တာဖြစ်ပါတယ်။