သတင်းတို

စိတ်ကြွဆေးပြား ၁.၂၁သန်း ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းရဲတပ်ဖွဲ့ အနေနဲ့ ယခုလအစပိုင်းမှာပဲ စိတ်ကြွဆေးပြား ၁.၂၁ သန်းကို ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရိုက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရို၏ ထုတ်ပြန်ချက်အရ စိတ်ကြွဆေးများကို နေရာ ၄နေရာမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အများဆုံးမှာ ပရာကျွတ်ခရီကန်း ပြည်နယ်မှ စစ်ဆေးရေးဂိတ်တွင် လူတဦး ထံမှ ဆေးပြား ၉၁၀၀၀၀ ဖမ်းမိခြင်းဖြစ်ပြီး၊ တောင်ပိုင်းပြည်နယ်များဖြစ်သည့် ဆွန်ခလာနှင့် ဟတ်ယိုင်တို့သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရပါတယ်။

တခြားသော မူးယစ်ဆေးဝါးဖမ်းဆီးမိသည့် နေရာများကတော့ ဘန်ကောက်မြို့ရှိ ကုန်တိုက်တခုနှင့် လမ်းပန်း၊ ချင်းရိုင်း ဒေသများမှာဖြစ်ပါတယ်။

သို့သော် မူးယစ်ဆေးဝါး နှိမ်နင်းရေး ဗျူရိုအနေဖြင့် မည်သည့် အချက်အလက်အပေါ်မူတည်ပြီး ထုတ် ပြန်သည်ကို မသိရသော်လည်း ပြီးခဲ့သည့် စနေနေ့ကပင် နွန်သဘူရီ ပြည်နယ် ဘန်ဘွာသောင် ခရိုင်ရှိ နေအိမ်တလုံး၏ ကုတင် အောက်မှ စိတ်ကြွဆေးပြား ၁သန်းဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

အလားတူ ပြီးခဲ့သည့် သောကြာနေ့ကလည်း ချင်းရိုင်းပြည်နယ် Thoeng ခရိုင်မှာ မူးယစ်ဆေးဝါး သယ်ယူတွေ စွန့်ပစ်ခဲ့တဲ့ကားတစီးပေါ်မှာ စိတ်ကြွဆေးပြား ၄.၂သန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading