အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ လန်ကက်စတာ အနောက်ပိုင်းက လက်စ်တီမာလမ်းပေါ်က ၂၄ထပ်မြင့်တဲ့ Grenfell Tower မှာ ယနေ့နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူအများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။
မီးလောင်မှုကို မီးသတ်သမား ၂၀၀၊ မီးသတ်ယာဉ် အစီး ၄၀ ခန့်နဲ့ ငြိမ်းသတ်နေရ ဆဲဖြစ်ပြီး အပျက်အစီး အထိအခိုက်မည်မျှရှိတယ်ဆိုတာ မသိရသေးပါဘူး။
လန်ဒန်မီးသတ်တပ်ဖွဲ့ အဆိုအရ ဒုတိယထပ်မှနေ စတင်လောင်ကျွမ်းခဲ့ပြီးနောက် အပေါ်မှ အထပ်တွေ ကိုလည်း ဆက်လက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
အပေါ်ထပ်မှာ နေသူတွေရဲ့ အော်ဟစ်အကူအညီတောင်းသံတွေကိုလည်း ကြားနေရပြီး၊ ကယ်ဆယ်မှုတွေကို ဆက်လက်ပြုလုပ်နေကြောင်း၊ ဒဏ်ရသူ ၃၀ခန့်ကကိုလည်း ကုသပေး နေကြောင်း သိရပါတယ်။