ဒေသတွင်း IS ၏ ခြိမ်းခြောက်လာနေမှုပတ်သက်၍ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့် စင်ကာပူ စတဲ့နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများနှင့် လာမည်အပတ်တွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန် ကြီး Ryamizard Ryacudu က ပြောကြားလိုက်ပါတယ်။
ကာလီမန်တန်မြောက်ပိုင်းရှိ တာရာကန်မြို့မှာ တွေ့ဆုံမည့် ဆွေးနွေးပွဲတွင် IS နှင့် ချိတ်ဆက်နေ သည် ဖိလစ်ပိုင်ရှိ မောက်တီ လက်နက်ကိုင်အကြမ်းဖက်အဖွဲနှင့် ပတ်သက်၍ ကာကွယ်တားဆီးရန် ဖြစ်ကြောင်း အင်ဒိုနီးနီးရှား ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
ပြီးခဲ့သည့်လက ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို ဝင်ရောက်စီးနင်းခဲ့သည့် မောက်တီ အကြမ်းဖက် အဖွဲ့တွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားစသည့် နိုင်ငံများမှ တိုက်ခိုက် ရေးသမား ပါဝင်နေခဲ့ပါတယ်။
မာရာဝီမြို့ တည်ရှိရာ မင်ဒါနာအိုကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေပြီး၊ မာရာဝီကနေ စက်လှေနဲ့ ၅နာရီခန့် စီးနင်းပါက အင်ဒိုနီးရှားရဲ့ မိုရိုတီကျွန်းကို ရောက်ရှိပါတယ်။
ထို့အတွက် အကြမ်းဖက်သမားတွေ ကူးမလာဖို့ မြောက်ပိုင်း ဆူလာဝေဆီမှာတေ့ လုံခြုံရေးတင်းကျပ် ထားပြီး၊ ပင်လယ်ပြင် ကင်းလှည်မှုကိုလည်း လုပ်ကိုင်နေတယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ကဆိုပါတယ်။
ပြီးခဲ့သည့် မေလအတွင်းက ဖိလစ်ပိုင်နိုင်ငံ ဒုတိယအကြီးဆုံး ကျွန်းဖြစ်သည့် မင်ဒါနာအို ပြည်နယ် မာရာဝီမြို့ကို IS နဲ့ အချိတ်အဆက်ရှိတဲ့ မောက်တီ စစ်သွေးကြွတွေက ဝင်ရောက်စီးနင်းပြီးနောက် အစ္စလာမစ်နိုင်ငံတော် ထူထောင်ဖို့ ကြိုးစားတဲ့ အတွက် ဖိလစ်ပိုင်အစိုးရက စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းကာ စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ပါတယ်။