ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)အဖွဲ့ ရုံးချုပ်ရှေ့တွင် ယနေ့နေ့လည်ပိုင်းက အသေးစားဗုံးပေါက်ကွဲမှု တရပ်ဖြစ်ပွားရာ လူ ၂ဦး ဒဏ်ရာရရှိခဲ့ ကြောင်း Khaosad သတင်းကဆိုပါတယ်။
ပေါက်ကွဲမှုမှာ နေ့လည် ၁နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သန့်ရှင်းရေးလုပ်ကိုင်နေသည့် ဝန်ထမ်း အမျိုးသမီး ၂ ဦး ခြေထောက်မှာ ဒဏ်ရာရရှိသွားပြီး ချုလာလောင်ကွန်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
အဆိုပါ သန့်ရှင်းရေး ဝန်ထမ်းအမျိုးသမီး ၂ဦးဟာ ပန်းချုံအတွင်းရှိ ပလတ်စတစ်အိတ်ထဲမှ တိတ်အနက် ပတ်ထားသည့် အရာဝတ္တုတခုကို တွေ့ရှိရာမှ ဖွင့်လိုက်သည့်အတွက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Thonglor ရဲတပ်ဖွဲ့ကတော့ သေးငယ်ပြီး ပင်ပေါင်ဘောလုံးအရွယ်အစား ဗုံးဖြစ်နိုင်ကြောင်း ဆိုပါတယ်။