ဆီးရီးယားမှာ ပြုလုပ်တဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း IS ခေါင်းဆောင် အယ်လ် ဘက်ဒါဒီ သေဆုံးသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၈ရက်နေ့က ဆီးရီးယား မြောက်ပိုင်း Raqqa ပြည်နယ်က ISတို့ရဲ့ အဆင့်မြင့်ခေါင်း ဆောင် တွေရဲ့ အစည်းအဝေးတခုကို ရုရှားရဲ့ ဆူခွိုင်းအမျိုးအစား Su-34 နဲ့ Su-35 တိုက်လေယာဉ် တွေက ပစ်မှတ်ထား တိုက်ခိုက်စဉ်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီ IS အဆင့်မြင့်ခေါင်းဆောင်များဟာ Raqqa ပြည်နယ်ကနေ ထွက်ပေါက်လမ်းကြောင်းများ ရှာဖွေဖို့ အစည်းအဝေးပြုလုပ်စဉ် တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
အမေရိကန်ဦးဆောင်တဲ့ IS ဆန့်ကျင်ရေး ညွန်ပေါင်းအဖွဲ့ကတော့ IS ခေါင်းဆောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုခြင်းတော့ မရှိသေးပါဘူး။