သတင်းတို

Black Box ပါ Y-8 လေယာဉ်အမြီးပိုင်း ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

ပင်လယ်ပြင်အတွင်းပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ အမြီးပိုင်းကို ရှာဖွေတွေ့ရှိပြီးနောက် လေအိတ်များ အသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတယ်ဆယ်ယူရာတွင် ယနေ့ ညနေ ၃နာရီခွဲခန့်က ရေယာဉ်ပေါ်သို့ တင်ဆောင်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ လေယာဉ်အမြီးပိုင်းတွင် FDR – Flight Data Recorder (Black Box) နှင့် CVR – Cockpit Voice Recorder တို့ပါရှိပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပြီး ကျန်အစိတ်အပိုင်းများအား ရှာဖွေရရှိရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။

ထို့အပြင် လေယာဉ်အမြီးပိုင်းနှင့်အတူ အမျိုးသားရုပ်အလောင်း ၁ လောင်းအား ထပ်မံရှာဖွေတွေ့ ရှိသဖြင့် ယခုအချိန်ထိ စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading