သတင်းတို

မြောက်ကိုရီးယားမှ လွတ်မြောက်လာသည့် အမေရိကန်ကျောင်းသား ကွယ်လွန်

မကြာသေးမီကမှ မြောက်ကိုရီးယားက လွတ်မြောက်လာတဲ့ အမေရိကန် ကောလိပ်ကျောင်းသား အော်တို ဝမ်ဘီယာဟာ ဆင်ဆင်နာတီမြို့က သူ့ရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

အသက် ၃၃နှစ်အရွယ်ရှိ အော်တို ဝမ်ဘီယာဟာ မြောက်ကိုရီးယားကို သွားရောက်လည်ပတ်စဉ် တည်းခိုရာ ဟိုတယ်က ဝါဒဖြန့်ချိရေး စာတမ်းကို ခိုးယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

၁၇လ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့ ပြန်လည်လွတ်မြောက်ကာ အမေရိကန်ကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး၊ သူဟာ မြောက်ကိုရီးယားမှာ ဦးနှောက်ပျက်စီးခဲ့တယ် လို့ ဆရာဝန်များက ဆိုပါတယ်။

မြောက်ကိုရီးယားအစိုးရကတော့ အော်တိုဝမ်ဘီယာဟာ အစာကနေ ဖြစ်ပေါ်တဲ့ ဘက်တီးရီးယား ပိုးကြောင့် ဦးနှောက်ပျက်ရတာလို့ ဆိုပေမယ့် အမေရိကန်ဆရာဝန်တွေကတော့ အဲဒီရောဂါလက္ခဏာ မတွေ့ရဘူးလိုဆိုပါတယ်။

ဝမ်ဘီယာရဲ့ မိဘတွေကတော့ သူတို့သားဟာ မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့နှိပ်စက်ညှင်းပန်း ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝမ်ဘီယာ သေဆုံးမှုနဲ့ ပတ်သက်ပြီး အံအားသင့်ကာ တုန်လှုပ် မိကြောင်း၊ မြောက်ကိုရီးယားအစိုးရကို ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရလို့လည်း ပြစ်တင်ခဲ့ပါတယ်။

လက်ရှိ မြောက်ကိုရီးယားမှ ထိန်းသိမ်းခံနေရတဲ့ တခြား အမေရိကန်နိုင်ငံသား ၃ဦးကိုလည်း အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူ အော်တိုဝမ်ဘီယာဟာ ဗာဂျီးနီယား တက္ကသိုလ်က ကျောင်းသားတဦးဖြစ်ပြီး၊ တရုတ်ပြည် ကို သွားရောက်လေ့လာစဉ်မှာပဲ တရုတ်ခရီးသွားကုမ္ပဏီတခုက မြောက်ကိုရီးယားကို သွားရောက် လေ့လာဖို့ ကမ်းလှမ်းလာတဲ့အတွက် လက်ခံပြီးသွားရောက်ခဲ့တာဖြစ်ပါတယ်။

Loading