ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်မှာ တရားမဝင်အလုပ်သမားများကို ယနေ့နံနက်က ရှာဖွေဖမ်းဆီးရာမြန်မာနဲ့ ကမ္ဘောဒီယား ရွေ့ပြောင်းလုပ်သား ၃၀၀ ကျော်ဖမ်းဆီးမိတယ်လို့ The Nation မီဒီယာကဆိုပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ စစ်သားများနဲ့ ရဲများပါဝင်တဲ့အဖွဲဟာ ဘန်လမွမ်ခရိုင်မှာ ဖမ်းဆီးရှာဖွေရာ အလုပ်လုပ်ခွင့် မရှိသည့် အမျိုးသမီး ၁၀၇ဦးအပါအဝင် တရားမဝင် ရွေ့ပြောင်းအလုပ်သမား ၂၅၃ ဦးကို ဖမ်းဆီးရမိပြီး၊ ပန်းရောင်ကတ်ပြားရှိသော်လည်း အလုပ်လုပ်ခွင့် သတ်မှတ်ထားသည့် နေရာတွင် လုပ်ကိုင်ခြင်းမရှိသော အမျိုးသမီး ၁၈ဦးပါဝင်သည့် အလုပ်သမား ၅၇ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
လက်ထောက် ခရိုင်အကြီးအကဲ ပရာဖန် ပရာသမ်ချွန်ဖူး ခေါင်းဆောင်တဲ့ စစ်သား ၅၀နဲ့ ရဲအဖွဲ့ဝင်များဟာ နံနက် ၆နာရီမှာ ဆွိုင်ပတ္တရာ ၄ လမ်းပေါ်ရှိ စခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။