သတင်းတို

“ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု အရေးယူမှုမရှိသည့်အပေါ် လွှတ်တော်၌ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ပြဌာန်းခဲ့သည်မှာ ၁၀ နှစ် ရှိပြီဖြစ်သော်လည်း အရေးယူမှု မရှိသေးသည့်အပေါ် လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းပေးရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ယနေ့ကျင်းပသည့် လွှတ်တော်တွင်ဆွေးနွေးသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် ကတည်းက စတင်ပြဌာန်းခဲ့သော်လည်း လက်ရှိကာလတွင် ထိုဥပဒေဖြင့် တရားစွဲဆို အရေးယူခံရသည့် အမှုပေါင်း မည်မျှရှိသည်ကို လေ့လာခြင်းဖြင့် ဥပဒေအာဏာသက်ရောက်မှုနှင့် အစိုးရအဆက်ဆက်၏ ဥပဒေကြီးကြပ်မှု မရှိခြင်းတို့ကို မြင်တွေ့နိုင်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ထိုဥပဒေပုဒ်မ ၁၁ တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးပစ္စည်းတို့ကို အခြားနည်းလမ်းတခုခုဖြင့် ကြေညာဖြင့်မပြုရဟု ပြဋ္ဌာန်းထားသော်လည်း လက်ရှိကာလတွင် လဖက်ရည်ဆိုင်များ၊ ကွမ်းယာဆိုင်များ၌ ကြေညာနေခြင်း၊ ဆေးလိပ်၊ စီးကရက်များကို လက်ဆောင်အဖြစ်ပေးခြင်း မပြုရဟုကန့်သတ်ထားသော်လည်း အမြည်းအဖြစ် လိုက်တိုက်ခြင်းများ ရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောသည်။

ထို့အပြင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ဆက်စပ်ပစ္စည်းများကို အထူးကုန်စည်ကုန်အဖြစ် အခွန်တိုးမြှင့် ကောက်ခံရသော်လည်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခွန်ကောက်ခံမှုနည်းနေခြင်း၊ တက္ကသိုလ်နှင့် ကျောင်းပရဝုဏ်များအတွင်း ဆေးလိပ်ရောင်းချခြင်း၊ သတ်မှတ်နေရာတွင် ဆေးလိပ်သောက်သည့် အလေ့အထ နည်းနေသည့်အပြင် ပြစ်မှုကျူးလွန်ပါက ကျခံရသည့်ဒဏ်ကြေးမှာလည်း အလွန်နည်းပါးနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည် ။

ယခုတင်သွင်းသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေနှင့် ပတ်သက်ပြီး မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးပြီး အတည်ပြုရန်သင့်မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading