တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ဆက်သွယ်ခဲ့သည်ဟုဆိုကာ DVB သတင်းဌာနမှ သတင်းထောက် ၂ ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ၁ ဦးအပါ အဝင် အမျိုးသား ၇ ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံထားရသူများမှ DVB သတင်းဌာနမှ ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော်(ခ)လဝီဝမ်တို့ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်းတွင် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်က နမ့်ဆန်မြို့ နယ်၊ ဘုရားကြီးကျေးရွာအနီး နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ကားနှစ်စင်းအား စစ်ဆေးခဲ့ရာမှ ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။
လက်တလောတွင် ဖမ်းဆီးထားသူများအား လားရှိူးမြို့နယ်ရဲစခန်းသို့ လွဲပြောင်းအပ်နှံထားပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။