သတင်းတို

ကလေးသူငယ်အမှုအဆင်ပြေဖြေရှင်းရေး ယူနီဆက်က ဧရာဝတီတိုင်းရဲများကို သင်တန်းပို့ချ

Want create site? Find Free WordPress Themes and plugins.

ကလေးသူငယ်အမှုများ စနစ်တကျဖြေရှင်းကိုင်တွယ် စစ်ဆေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်မှ ရဲအရာရှိများကို ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ – ယူနီဆက်/UNICEF က ပုသိမ်မြို့၌ ပထမဆုံးအကြိမ် သင်ကြားပို့ချနေကြောင်း သိရသည်။

“လာရောက်သင်ကြားတဲ့ ရည်ရွယ်ချက်က ကလေးသူငယ်တွေ ကျူးလွန်စော်ကားခံရတဲ့ ကိစ္စရပ်တွေအားလုံးမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက်ပါ” ဟု ယူနီဆက်မြန်မာအဖွဲ့မှ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Chris Graveson က ဧရာဝတီကို ပြောသည်။

ယခုသင်တန်းတွင် ကလေးသူငယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဌာနစုံ ပေါင်းစပ်လုပ်ကိုင်မှု၊ ကလေးများအပေါ် မတော်တရော် ပြုကျင့်မှုပုံစံမျိုးမျိုး၊ ထိုသို့ပြုကျင့်မှုများကို စုံစမ်းဖော်ထုတ်ခြင်း၊ သက်သေအထောက်အထား စုဆောင်းတင်ပြခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရဲအရာရှိ ၅၂ ဦးကို ၄ ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ဥရောပသမဂ္ဂ – EU မှ ဧရာဝတီတိုင်းရှိ ရဲတပ်ဖွဲ့ဝင်များကို တရားခံများကို လူ့အခွင့်အရေးနှင့်အညီ ဖမ်းဆီးသည့် သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading