ထိုင်း အွန်လိုင်းဂိမ်း ကုမ္ပဏီတခုက မကြာမီဖြန့်ချိမည့် Heaven Heroes (ကောင်းကင်ဘုံ သူရဲကောင်းများ) အမည်ရှိ သူရဲကောင်းအခြေပြု ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်သည့် ဂိမ်း၌ ဇာတ်ကောင် ဗိုလ်ချုပ်ကြီး ပီမှာ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ ဖြစ်ကြောင်း Khaosod သတင်းကဆိုပါတယ်။
အဲဒီ ဂိမ်းကြော်ငြာတွင်လည်း ဗိုလ်ချုပ်ကြီးကို နေကာမျက်မှန်တပ်ထားသော ဘုန်းကြီးတပါးဘေးတွင် ရပ်နေ သည့် ပုံကိုဖေါ်ပြထားသဖြင့် ပရာယွဒ် ချန်အိုချာကို အာခံသောဘုန်းကြီးတပါးပါးကို ရည်ညွန်းပုံရတယ်လို့ ဆိုပါ တယ်။
ဒါဟာ အွန်လိုင်းဂိမ်းတွေမှာ ရေပန်းစားတဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ အာသာဘုရင်၊ လန့်စ်လော့၊ မျောက်ဘုရင်၊ အပိုလို နှင့် အက်သီနာတို့ပြီးနောက် ဂိမ်းလောကကို ရောက်လာသူကတော့ ဗိုလ်ချုပ်ကြီး ပီဖြစ်ပါတယ်။
အဲဒီ Heaven Heroes ဂိမ်းကို အခမဲ့ဂိမ်းရှေ့ဆောင်ကုမ္ပဏီက ထုတ်လုပ်မှာဖြစ်ပြီး လာမည့် ဇူလိုင်လ ၄ရက်နေ့မှ စတင်ကာ Open Beta တွင်ဖြန့်ချိမည်ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ အွန်လိုင်းမှာ ကြိုတင် မှတ်ပုံတင်နိုင်ပြီလို့ ဆိုပါတယ်။
ဒါပေမယ့် တချို့ဂိမ်းကစားသူတွေကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာနဲ့ တူတဲ့ ဗိုလ်ချုပ်ကြီး ပီကြောင့် ပုဒ်မ ၄၄ နဲ့ ငြိစွန်းကာ ထိုဂိမ်းကစားနည်း သက်ဆိုးမရှည်မှာကို စိုးရိမ်နေပါတယ်။
ဒါပေမယ့် တချိုကလည်း ဂိမ်းအပိတ်မခံရခင် ကစားကြဖို့ ဆိုနေကြသလို၊ မနော့တာပဒ် ဆိုသူကတော့ “ကျနော် ကတော့ ဒီဂိမ်းမှာ ကျနော်နဲ့ သိတဲ့ အန်ကယ်ကြီး တယောက်ပါလို့ ကစားဖြစ်အောင် ကစားမယ်၊ ကျနော်ကို ဒေါင်းလုပ် လုပ်ခင့်ပေးပါ” လို့ သူရဲ့ Facebook မှာ ရေးထားတယ်လို့ သိရပါတယ်။