သခင် ဗဟိန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားကို မန္တလေးမြို့ရှိ အာဇာနည် ဗိမာန် တွင် ဇွန်လ ၂၇ ရက်က ကျင်းပသည်။
အခမ်းအနားတွင် အမှတ်တရ စကားများ ပြောကြားခြင်း၊ ဂုဏ်ပြုကဗျာ ရွတ်ဆိုခြင်း၊ နယ်ပယ် အသီးသီးနှင့် အဖွဲ့အစည်း အသီးသီးက ပေးပို့သော သဝဏ်လွှာများ ဖတ်ကြားခြင်းကို ပြုလုပ်သည်။
ယင်း အခမ်းအနားသို့ နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ၊ စာပေ အနုပညာ သမားများ၊ အလုပ်သမား လယ်သမားများ စသည့် လူထုလူတန်းစား အဖွဲ့အစည်း အသီးအသီးမှ တက်ရောက်လာကြသည်ကို တွေ့ရှိရသည်။
သခင် ဗဟိန်း နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဇွန်လ ၂၆ ရက်က စတင်ပြီး မန္တလေးမြို့ ဓမ္မသာလာ ဓမ္မာရုံတွင်လည်း စာတမ်းများ ဖတ်ကြားခြင်း၊ ဂုဏ်ပြု ကဗျာ ရွတ်ဆိုခြင်း၊ အမှတ်တရစကား ပြောကြားခြင်း၊ ဟောပြောခြင်း နှင့် သံဃာတော် များကို ဆွမ်းကပ်လှူခြင်းများ ပြုလုပ်သည်။