ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ONCB)က ဘန်ကောက်မြို့ Klong San ခရိုင်ရှိ အိမ်တလုံး ကို ဝင်ရောက်စီးနင်းရာမှာ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁.၇ သန်းနှင့် Ya Ice ခေါ်စိတ်ကြွ ဆေး ၃၀၀ ကီလိုဂရမ်နှင့် အတူ လူ ၄ဦးထံမှ ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းက ဆိုပါ တယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က စီးနင်းမှုမှာ ဖမ်းဆီးခြင်းခံရသူများထဲမှ အသက် ၂၄နှစ်အရွယ်ရှိ သီဝပ်ဆို သူဟာ မူးယစ်ဆေးဝါးတွေကို မြောက်ပိုင်းမှနေပြီး ဘန်ကောက်နဲ့ အနီးအနားက တောင်ပိုင်း ပြည်နယ် တွေကို သယ်ဆောင်ကာ ဖြန့်ချိ နေတာဖြစ်တယ်လို့ သိရပါတယ်။
အဖမ်းခံရသူများဟာ ချင်းရိုင်းပြည်နယ်ရှိ ချင်းစံခရိုင်က မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ချိတ်ဆက်ကာ ရောင်းဝယ်နေခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ထိုင်းရဲတပ်ဖွဲ့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း ကနှိမ်နင်း ဖမ်းဆီးရာ ချင်းစံနှင့် ထရန်ခရိုင်တွေကနေ စိတ်ကြွဆေးပြား ၈သန်းခန့် ဖမ်းဆီးခဲ့ရမိ ခဲ့ပြီးဖြစ်ပါတယ်။
ONCB အဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဆရင်ယာ ဆစ်ဒီချိုင်က ဒီနှစ်မှာတော့ မူးယစ်ဆေးဝါး အမြောက်အပြားကို ဖမ်းဆီးမိခဲ့သလို အဓိကကျတဲ့ မူးယစ်ဆေးဝါး ကွင်းဆက်တွေကိုလည်း ဖော် ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။