သတင်းတို

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမူကြမ်း အစိုးရအဖွဲ့ထံတင်ပြမည်

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ရေးဆွဲနေသည့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျုဟာမူကြမ်းကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့သို့ သြဂုတ်လအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မူကြမ်းတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံတိုးမြှင့်ရေးနှင့် ယှဉ်ပြိုင်မှုစွမ်းအား တိုးမြှင့်၍ ကမ္ဘာ့ဈေးကွက်တွင် စားနပ်ရိက္ခာ တိုးမြင့်ရောင်းချနိုင်ရေးတို့ကို အဓိကထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ပြီး၊ ဝန်ကြီးဌာနက ထိုမူကြမ်းကို အင်္ဂလိပ်၊ မြန်မာ၂ ဘာသာဖြင့် ရေးဆွဲထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုမူကြမ်းကို အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ NGO များနှင့် တတ်သိပညာရှင်များက ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မဟာဗျုဟာမူကြမ်း အချောထွက်ရှိလာပါက တိုင်းနှင့်ပြည်နယ်များသို့ ချပြသွားမည်ဟု စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျုဟာရေးစွဲရေးအဖွဲ့ အမျိုးသားအတိုင်ပင်ခံ ဦးစံသိန်းက ပြောသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျုဟာမူကြမ်း သက်ဆိုင်ရာက အတည်ပြုပြီး ထွက်ပေါ်လာပါက ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ -၂၀၁၂ ခုနှစ်အထိ ၄ နှစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

Loading