သတင်းတို

တရုတ်ရေတပ်၏ ဖျက်သင်္ဘောသစ် ရေချ

တရုတ်ရေတပ်က တန်ချိန် ၁သောင်းရှိ ပဲထိန်းဒုံးပျံတပ် Type 055 ဖျက်သင်္ဘောတစီးကို ရှန်ဟိုင်းမြို့ ကျင်နန်း သင်္ဘောကျင်းတွင် ယနေ့နံနက်ပိုင်းက ရေချခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်းဖြစ် အဆိုပါ ဖျက်သင်္ဘောတွင် နောက်ဆုံးပေါ် လေကြောင်းရန် ကာကွယ်ရေးနှင့် ဒုံးပျံ ကာကွယ် ရေး၊ ရေငုပ်သင်္ဘော ကာကွယ်ရေး စနစ်များ တပ်ဆင်များကြောင်း သိရပါတယ်။

အစိုးရ သတင်းစာ Global Times အဆိုအရ အဲဒီသင်္ဘောဟာ Type 055 ပထမဆုံး အမျိုးအစား ဖြစ် တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ်တင်သင်္ဘောကို ဒါလီယန်း သင်္ဘောကျင်းတွင် ရေချခဲ့သည်။

Loading