သတင်းတို

ရန်ကုန် ၁၄ မြို့နယ်ရေပေးဝေမှု နာရီ ၂၀ နီးပါး ပြတ်တောက်မည်

လှော်ကားရေလှောင်ကန်မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသည့် ကွန်ကရစ်ရေပို့ပိုက်လိုင်း ချို့ယွင်းမှုဖြစ်ပေါ်သဖြင့် ရန်ကုန်မြို့ရှိ ၁၄ မြို့နယ်တွင် ရေပေးဝေမှု နာရီ ၂၀ နီးပါး ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က သတင်းထုတ်ပြန်သည်။

ရေပေးဝေမှု ပြတ်တောက်မည့် မြို့နယ်များမှာ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ ကမာရွတ်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့် ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ သာကေတ၊ ကျောက်တံတား မြို့နယ်များတွင် ရေပေးဝေမှု ယနေ့နံနက်ပိုင်းမှစတင်ပြီး ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း စည်ပင်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်မြို့နယ်များသို့ ငမိုးရိပ်ရေလှာင်ကန်နှင့် ဂျိုးဖြူရေလှောင်ကန်များမှ ပုံမှန်ရေပေးဝေလျက်ရှိကြောင်းနှင့် ကွန်ကရစ် ရေပို့ပိုက်လိုင်း ချို့ယွင်းမှုကို အမြန်ပြုပြင်လျက်ရှိပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် ရေပုံမှန် ပြန်လည် ပေးဝေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာသည်။

Loading