• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

အမေရိကန်က မြန်မာကို လူကုန်ကူးမှု အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး

by ဧရာဝတီ
29 June 2017
in သတင်းတို
A A
တရုတ်ပြည်သို့ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ လူကုန်ကူးခြင်း သို့မဟုတ် ရောင်းချခြင်းများ ရှိသည် / Reuters

တရုတ်ပြည်သို့ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ လူကုန်ကူးခြင်း သို့မဟုတ် ရောင်းချခြင်းများ ရှိသည် / Reuters

12.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံကို အဆိုးရွားဆုံး လူကုန်ကူးမှုမှတ်တမ်းဝင် နိုင်ငံများစာရင်းမှ ပယ်ဖျက်ပြီး အမေရိကန်က သတ်မှတ် ထားသည့် အနိမ့်ဆုံးစံနှုန်းများ ပြည့်မီအောင်ကြိုးစားနေသည့် စောင့်ကြည့်ရမည့်နိုင်ငံများစာရင်း၌ အင်္ဂါနေ့က ထည့်သွင်းလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကို နှစ်စဉ် လူကုန်ကူးမှု အစီရင်ခံစာ အမည်ပျက်စာရင်း မှဖယ်ရှားလိုက်ပြီး လူကုန်ကူးမှုနှင့် အတင်းအကျပ် လုပ်အားပေးစေခိုင်းမှု ပပျောက်ရေးအတွက် သိသိသာသာ အားထုတ်သော စောင့်ကြည့်ရမည့် နိုင်ငံများစာရင်း အဆင့် ၂ တွင်ထည့်သွင်းလိုက်သည်။

RelatedPosts

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
331
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
530
တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

5 July 2025
7k

မြန်မာနိုင်ငံသည် စောင့်ကြည့်ရမည့် နိုင်ငံများ စာရင်းတွင် လာအိုနှင့်ထိုင်းနိုင်ငံတို့နှင့်အတူပါဝင်လာပြီး အမေရိကန်အရာရှိများအနေဖြင့် မြန်မာနိုင်ငံသို့သွားရောက်ကာ လူကုန်ကူးမှုပပျောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်လေ့လာရန်လည်း တိုက်တွန်းလိုက်သည်။

ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည်လည်းအဆင့် ၂ တွင်သာဆက်လက်ရှိနေသဖြင့် ၎င်းတို့သည်လည်း အနိမ့်ဆုံးအမေရိကန်စံနှုန်းမီရန် သိသိသာသာအားထုတ်သောနိုင်ငံများဖြစ်သလို၊ မလေးရှားနိုင်ငံသည်လည်း အဆင့် ၂ သို့ ရောက်ရှိလာသည်။

သို့သော်တရုတ်နိုင်ငံမှာမူ အဆင့် ၃ သို့လျှော့ ချခံရပြီး အမေရိကန်အကူအညီများ ပိတ်ဆို့ခံရနိုင်သောအဆင့် သို့ရောက်သွားသော်လည်း အမေရိကန်အစိုးရသည် ထိုအရေးယူမှုကို မကြာခဏ ဆိုင်းငံ့လေ့ရှိသည်။

လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် အဆင့် ၂ တွင်ပါခဲ့ပြီး နောက်ဆုံးအကြိမ် အနိမ့်ဆုံး အဆင့် ၃ အဖြစ် သတ်မှတ်ခံရသည်မှာ ၂၀၁၃ ခုနှစ်ကဖြစ်သည်။

ကလေးစစ်သားစုဆောင်း အသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တိုးတက်မှုများကို အထက်ပါ အစီရင်ခံစာ တွင်ဖေါ်ပြထားသော်လည်း ၊ ကလေးစစ်သားစုဆောင်းသည့် စစ်အရာရှိများကို အရေးယူရန် လုံလောက်စွာ လုပ်ကိုင်ခြင်းမရှိဟုလည်း ထောက်ပြထားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွင် အင်အားတိုးချဲ့ခြင်း၊ ၂၀၀၅ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းပြီးချိန်မှစ၍ အစိုးရအရာရှိများကို ပထမဆုံး ဥပဒေအရအရေးယူခြင်းတို့ကိုလည်း အစီရင်ခံစာက အသိအမှတ်ပြုထားသည်။

ကချင်ပြည်နှင့် ရှမ်းပြည်နယ်မှ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ ၁သိန်း ၃ထောင်နှင့် ရခိုင်ပြည်နယ် မှနေရပ် စွန့်ခွာရသူ ၁သိန်း ၂သောင်း အပါအဝင် လူမျိုးစုများရှိရာ ဒေသများမှ ပြည်သူများသည် လူကုန်ကူးမှု အန္တရာယ် အရှိဆုံးသူများဖြစ်သည်ဟု အစီရင်ခံစာကဖေါ်ပြသည်။

“ရခိုင်ပြည်နယ်မှ မွတ်ဆလင်များသည် အစိုးရအာဏာပိုင်များက အတင်းအကျပ်လုပ်အားစေခိုင်းခြင်းအပါအဝင် လုပ်အားလူကုန်ကူးခြင်း ကိုအထူးသဖြင့်ခံရနိုင်သည်” ဟုအစီရင်ခံစာကဆိုသည်။

စစ်တပ်၏ဖြိုခွဲမှုကြောင့် ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသော လူ ၇သောင်း ခန့်သည်လည်း လူကုန်ကူးမှုအန္တရာယ်နှင့် အထူးရင်ဆိုင်နေရကြောင်းမှတ်ချက်ချသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနှင့်အီရတ်တို့ကို ကလေးစစ်သား အသုံးပြုသောနိုင်ငံများ စာရင်းမှလည်း ပယ်ဖျက်ပေးခဲ့သည်။

Your Thoughts …
Tags: လူကုန်ကူးမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.6k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.6k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

by ဧရာဝတီ
9 December 2023
15.8k

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတခု မတိုင်မီ ဘေဂျင်းတွင် တွေ့ဆုံသည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
အမေရိကန်က ထိုင်းစစ်တပ်သို့ ဘလက်ဟော့ခ် ရဟတ်ယဉ်များ ရောင်းချမည်

အမေရိကန်က ထိုင်းစစ်တပ်သို့ ဘလက်ဟော့ခ် ရဟတ်ယဉ်များ ရောင်းချမည်

ကိုလဝီဝမ်သည် လူချစ်လူခင်များသော မွန်တိုင်းရင်းသား ဝါရင့် သတင်းထောက်ဖြစ်သည် / ဟိန်းထက် / ဧရာဝတီ

ကိုလဝီဝမ်ကို ခုခံကာကွယ်ခြင်း

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate