သတင်းတို

အမေရိကန်က ထိုင်းစစ်တပ်သို့ ဘလက်ဟော့ခ် ရဟတ်ယဉ်များ ရောင်းချမည်

အမေရိကန်က ထိုင်းစစ်တပ်အပေါ်ချမှတ် ထားသည့် လေယာဉ်များ မရောင်းချရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး၊ ဘလက်ဟော့ခ် ရဟတ်ယာဉ် ၄စင်း ရောင်းချပေးဖို့ သဘောတူလိုက် ကြောင်း Bangkok Post သတင်းကဆိုသည်။

ထိုင်းစစ်တပ်၏ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု အပြီး အမေရိကန်၏ ချမှတ်ခဲ့သည့် စစ်လက်နက်ပစ္စည်း မရောင်းချရန် ဆုံးဖြတ်ချက်ကို ယခုအခါ ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြည်ပစစ်ဘက် ရောင်းချမှု အစီအစဉ်အရ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းကြည်းတပ်ဦး စီးချုပ် ချလန်ချိုင် ဆစ်သီဆတ်က စစ်ဌာနချုပ်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းစစ်တပ် ဘက်စုံသုံး ဘလက်ဟော့ခ် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၂ ရှိပြီး၊ ယခုဝယ် ယူမည့် ၄စီးနှင့် ပေါင်းပါက ၁၆စီး အထိ ရှိလာမည်ဖြစ်ရာ ထိုင်းစစ်တပ် ဆန္ဒရှိနေသည့် ရဟတ်ယာဉ် အုပ်စုတစုစာ ပြည့်စုံသွားမည်ဖြစ်သည်။

ဘလက်ဟော့ခ် ရဟတ်ယာဉ် တစီး၏ တန်ဖိုးမှာ ထိုင်းဘတ် သန်း ၇၅၀ ဖြစ်သည်ဟု သိရသည်။

မကြာမီ အမေရိကန်သို့ သွားရောက်မည့် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ၏ အမေရိကန်ခရီးစဉ် မတိုင်မီ လိုအပ်သည့် အမေရိကန်လုပ် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် စာရင်းကောက်ရန် ထိုင်းစစ်တပ်ကို ညွှန်ကြားထားခဲ့ကြောင်း သတင်းထွက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန် လုပ် လက်နက်များ ဝယ်ယူနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ခဲ့သည်။

သို့သော် ထိုင်းဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်သည် လက်နက်ရောင်းဝယ်ရေး အစီအစဉ် မပါ ကြောင်း ဒုဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ငြင်းခဲ့သည်။

ထိုင်းစစ်တပ်သည် ယခုအခါ တရုတ်လုပ်လက်နက်များကို ဝယ်ယူရန် ပြုလုပ်နေရာ ရေငုပ်သင်္ဘော ၃စီးနှင့် VN -1 သံချပ်ကာကားများ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့သည်။

Loading